-->

Thursday, 4 December 2014

Android ဖုန်းတွေမှာ Battery စားသက်သာစေချင်ရင် Battery Saver Pro丨Boost Doctor v2.0.2 APK

Android ဖုန်းတွေမှာ Battery စားသက်သာစေချင်ရင် ဖုန်းဆော့ဝဲလေး Battery Saver Pro丨Boost Doctor v2.0.2 APK ကိုသုံးပါ။ Battery Saver Pro | Boost Doctor app မှာ
- ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ဖုန်းမှာအသုံးပြုရတာကိုနှေးကွေးနေစေမယ့် ဖိုင်တွေကိုရှင်းလင်းပေးတဲ့ One-Tap Optimizer
- ဖုန်း screen ပိတ်ထားချိန်မှာတောင်မှ ဖုန်းရဲ့ system နဲ့ application တွေက ဖုန်း Power ကိုသုံးစွဲနေပါသေးတယ်။ ဖုန်းကိုအသုံးမပြုချိန်မှာ ဒီ app ထဲမှာပါတဲ့ Sleep Mode ကိုပြောင်းပေးထားခြင်းဖြင့် Battery စားခြင်းကိုအထိုက်အလျောက်သက်သာစေမှာပါ။

-Battery သုံးစွဲမှုများပြားလွန်းတဲ့ app တွေကို ဖော်ပြပေးမှာဖြစ်ပြီး ဆော့ဝဲကို ဖျက်ပစ်မလား ၊ အသုံးပြုနေတာကိုရပ်တန့်ထားမလားဆိုတာကို အကြံပြုပေးတဲ့ App Consumption Tracker
- ဖုန်းပြောရုံပဲဆိုရင် ၊ ဂိမ်းဆော့မယ်ဆိုရင် ၊ သီချင်းနားထောင်မယ်ဆိုရင် ၊ ဗီဒီယိုကြည့်မယ်ဆိုရင် ၊ အင်တာနက်သုံးမယ်ဆိုရင် ဖုန်းဘက်ထရီဟာ ဘယ်နှနာရီအထိအသုံးပြုလို့ရနိုင်သေးတယ်ဆိုတာကိုဖော်ပြပေးမယ့် Remaining Time Tracker စတဲ့ Function တွေပါဝင်ပါတယ်။
ဒါ့အပြင် Battery Saver Pro丨Boost Doctor ဆော့ဝဲထဲကိုဝင်နေစရာမလိုဘဲ ဆော့ဝဲရဲ့ Function တွေကို ဖုန်းရဲ့ Home Screen ပေါ်ကနေ တိုက်ရိုက် လှမ်းသုံးလို့ရစေဖို့အတွက် Widget အနေနဲ့လည်း ထုတ်ထားလို့ရပါတယ်။
ဖုန်းရဲ့ဘက်ထရီပိုင်းဆိုင်ရာအတွက်မရှိမဖြစ်သွင်းထားသင့်တဲ့ ၊ အသုံးပြုသင့်တဲ့ application လေးပါ။ Battery Saver Pro丨Boost Doctor v2.0.2 for Android ကို Google Play မှာ ၁ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပြီးဒီ မှာတော့ Freedownload ရယူနိင်ပါတယ်။

 Credit: Myanamar Mobile App Store                                                                           


ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ကျေးဇူးတင်ပါတယ်...................ထင်ရှားအောင်(kyauk phyu thar)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...