-->

Saturday, 6 December 2014

Galaxy Tab 3 7.0 SM-T211 ကို 4.4.2 Firmware Update လုပ်နည်း

Galaxy Tab 3 7.0 ကို 4.4.2 firmware တင်နည်းကိုစောင့်မျှော်နေကြသူငယ်ချင်းတို့အတွက် တင်ပေးလိုက်ပါတယ်။ Galaxy Tab 3 ကို firmware တင်တဲ့အခါမှာ ဘယ်လိုလုပ်ရတယ်ဆိုတာ ကို အောက်မှာဖော်ပြသွားမှာပါ။ Odin ကိုအသုံးပြုပြီးတော့ပဲတင်သွားမှာပါ။ Odin ကိုအသုံးပြုတတ်တဲ့ သူတွေအဖို့တော့ အခက်အခဲမရှိပါဘူး။ ကဲ အရင်ဆုံး အောက်တွင် လိုအပ်တဲ့ file တွေကိုအရင် ဒေါင်းပါ။
Thailand: THL-T211XXBNH1-20140825104018.zip
Singapore: XSP-T211XXBNH1-20140825104018.zip
Vietnam: XXV-T211XXBNH1-20140825104118.zip

အားလုံးလဲဒေါင်းပြီးပြီ ဆိုလျှင် အရင်ဆုံး driver စတင်ပြီး run ပါ။
Run ထားပြီ်းပြီ ဆိုလျှင် စောစောက ဒေါင်းထားတဲ့ Odin_v3.0.9.zip ကိုရော Firmware file ကိုပါ folder တစ်ခုစီဆောက်ပြီး extract လုပ်ထားပါ။ ဖုန်းအပိုင်းကို ပြင်ဆင်စရာရှိတာပြင်ဆင်ရအောင် .........
အရင်ဆုံးဖုန်းကို ဘက်ထရီ 65% အထက်ရှိအောင်ထားပါ။ နောက် USB Debugging On ထားပါ။ ဖုန်းမှာရှိတဲ့အရေးကြီးတဲ့ data တွေကို backup ယူထားပါ။ အားလုံးလဲပြီးသွားပြီ ဆိုလျှင် ဖုန်းကို power ပိတ်လိုက်ပါ။
Power ပိတ်ပြီးတာနဲ့ ဘက်ထရီကိုချွတ် ၅ စက္ကန့်လောက် ထားပါ။ ပြီးလျှင်ပြန်တပ် ပြီး Download mode ထဲဝင်ပါ။ ဝင်ဖို့အတွက် Volume Down + Home + Power ကိုဖိနှိပ်ထားပါ။ Warning လိုပေါ်လာရင် Vol+Up ကိုနှိပ်လိုက်တာနဲ့ Download Mode ထဲဝင်သွားပါပြီ။ဒါဆို စောစောက extract လုပ်ထားတဲ့အထဲမှာ Odin_v3.0.9.exe ကို run ပါ။
Run ပြီးတာနဲ့စောစောကဖုန်းကို download mode ဝင်ထားတဲ့အခြေအနေ နဲ့ဖုန်းကို ကွန်ပျူတာနဲ့ ဖုန်းကို ချိတ်ဆက်လိုက်ပါ။ ချိတ်ဆက်လိုက်တာနဲ့ COM port မှာ blue (or) yellow ပေါ်လာပြီ တစ်ပြိုင်နက်တည်းမှာပဲ Odin မှာလည်း Added လိုစာသားပေါ်ရင်လည်း ချိတ်ဆက်မှုအောင်မြင်ပါတယ်။
Odin ပေါ်မှာ AP ဆိုတဲ့ button ကို တွေ့ရင် click နှိပ်ပြီးဝင်လိုက်ပါ။ Browse တစ်ခုကျလာရင် စောစောက zip file တွေကို extract လုပ်ထားတဲ့နေရာကို သွားပါ။ firmware folder ကိုဝင်ပါ။
firmware folder ထဲမှာ .tar.md5 (or) .tar ကိုရွေးချယ်လိုက်ပါ။ firmware file ထည့်တာကို ပြန်စစ်ပြီး မှန်ပြီဆိုလျှင် Start button ကိုနှိပ်လိုက်ပါ။ firmware စတင်ပြီးတင်နေပါပြီ။ ခဏတော့ စောင့်ပါ။
Odin မှာ pass ဖြစ်သွားရင်ဖုန်းက auto reboot ကျသွားပါလိမ့်မယ်။
ပြန်တတ်လာတာကိုခဏစောင့်ပါ။ firmware တင်ထားတာဆိုတော့ boot တတ်ချိန်ကနည်းနည်းတော့ကြာတယ်ဗျ။
ပြန်တတ်လာပြီ Setting ထဲက About Phone ကိုသွားကြည့်လိုက်ရင် Galaxy Tab 3 7.0 SM-T211 ကိုအောင်မြင်စွာနဲ့ Android 4.4.2 KitKat ကိုတင်နိုင်ခဲ့ပါပြီ။
အားလုံးကို Today’s Technology မှကျေးဇူးတင်ရှိပါတယ်……..။
PDF File နဲ့သိမ်းချင်ရင် အောက်ကလင့်တွင်ဒေါင်းနိုင်ပါတယ်......
http://www.mediafire.com/…/ja5vugoa76z0d…/Galaxy_Tab_3_7.pdf

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...