-->

Friday 18 July 2014

မေးလ်( ပို့တဲ့ ) နာမည်ပြောင်းကြမယ်

မိတ်ဆွေ ဟာ ကုမ္ပဏီ တစ်ခုမှာ အလုပ်ဝင်နေခဲ့လို့ရှိရင် အလုပ်နဲ့ သက်ဆိုင်သော စာတွေကို မေးလ်နဲ့ ပေးပို့မူဟာ ကြိမ်းသေ ကြုံရမှာ ဖြစ်ပါတယ်။ တစ်ချို့ကုမ္ပဏီတွေက ကိုယ် Staff ရဲ့ ကိုယ်ပိုင်နာမည်နဲ့ မေးလ်ကိုခွင့်ပြုတာရှိသလို တစ်ချို့တွေကျတော့လည်း ကုမ္ပဏီနာမည်နဲ့သာ သုံးဖို့ ဆိုထားကြပါတယ်။ ပို့တာကဘယ်နာမည်နဲ့ပဲ ဖြစ်ဖြစ်ပို့လို့ အဆင်ပြေပါတယ်။ သို့ပေမဲ့ တကယ်တမ်း အလုပ်ခွင်မှာ အမည်တွေကို ဘယ်သူဘယ်သူ ပို့တယ်ဆိုတာ မှတ်ထားဖို့က နည်းနည်းတော့ခက်ပါလိမ့် မယ်။
ဥပမာ - ကျတော့ဆို news@smart.com.mm ကိုအလုပ်မေးလ်အဖြစ် သုံးပါတယ်။အဲဒီလိုသုံးတဲ့အခါ ကျတော် နာမည်ကို By name နဲ့ ပေးထားပါတယ်။ အဲလိုဆိုတော့ ကျတော့မေးလ်ပို့လိုက်တိုင်း ကျတော်နာမည်ကို တစ်ဖက်မှ မေးလ်လက်ခံတဲ့လူတွေကသိနိင်ပြီး အလွယ်တကူ ဆက်သွယ်နိင်ပါတယ်။ ပြီးတော့ ကျတော်တို့အ၇င် က အပျော်သဘောနဲ့ ပေးထားတဲ့ မေးလ် နာမည်တွေကလည်း နည်းနည်း ရီဖို့ကောင်းပြီး ရုတ်တရက် အခြားလူတွေ သိဖို့ခက်တယ်မလား ။ အဲလို အခြေအနေတွေမှာ ကိုယ်သိစေချင်တဲ့ နာမည်ကို ပြောင်းထည့်ထားခြင်း ဖြင့် အဆင်ပြေကာ အခြားသူတွေ အလွယ်တကူသိနိင်မှာပါ။ နို့မို့ရင်အရင်ပေးထားတဲ့ မေးလ်နာမည်တွေအတိုင်းသာ ပေါ်နေမှာ ဖြစ်ပါတယ်။ အများအဆင်ပြေအောင် G mail , Yahoo, နဲ့ Outlook တွေမှာပါ မေးလ်နာမည်ပြောင်းလို့ရအောင် ဖော်ပြပေးလိုက်ပါ တယ်နော် ။
G mail
ညာဖက်အပေါ်ထောင့်ဆုံးနားမှာ ရှိတဲ့ Gear ( စကြာ) ပုံလေးကိုနှိပ်ပြီး Setting ကိုရွေး >> ပြီးလျှင်ပေါ်လာတဲ့ Accounts ကိုနှိပ်ပါမယ်။ ပြီးလျှင် Send mail as ဆိုတဲ့အပိုင်းရဲ့ ဘေးမှာရှိတဲ့ "edit info" ကိုနှိပ်ပါမယ်။ နောက်ပြီး ပေါ်လာတဲ့ box လေးထဲမှာ ကိုယ်မေးလ်ပို့တဲ့ အခါပေါ်စေချင်တဲ့ နာမည်ကိုရိုက်နှိပ်ပြီး Save Changes ကို နှိပ်ပြီး ရင်တော့ အဆင်ပြေပါပြီ။
Yahoo Mail Gear
Gear >> Setting >> Account >> Yahoo account section >> Edit ကိုနှိပ်ပါမယ်။ ပေါ်လာတဲ့ Sending name box မှာ နာမည်အသစ်ထည့်ပါမယ်။ ပြီးရင်တော့ Save နှိပ်လိုက်ပါ.။ ဒါဆိုရင်တော့ အဆင်ပြေပါပြီ။
Outlook.com
Gear >> More mail settings >> Managing your account အောက်မှာရှိတဲ့ Account details ကိုနှိပ်ပါ။ ပေါ်လာတဲ့ "Edit display name" မှာ လိုအပ်တဲ့ နာမည်ရှေ့စာလုံးနဲ့ နောက်စာလုံးကို ထည့်ပါ။ ပြီးရင်တော့ Save လိုက်ပေါ့ ။ ဒါဆိုရင်တော့ ရပါပြီ။ ယခုလို အဆင့်ဆင့် ပြုလုပ်ပြီး ရင်တော့ မိတ်ဆွေတို့ပို့လိုက်တဲ့ မေးလ်တိုင်းမှာ မိတ်ဆွေတို့ရဲ့ ကိုယ်ပိုင်နာမည်တွေနဲ့ စိတ်ကြိုက် မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အဆင်ပြေကြပါစေဗျာ ။
Aung Heine

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...