-->

Wednesday 30 July 2014

၁၀ မိနစ်အတွင်း Facebook အလွယ်ဖွင့်နည်း ( Code မတောင်းပါ )

ဒီနည်းကို မနေ့ကတည်းက ပြောပြချင်နေခဲ့တာပါ.. ကျွန်တော်လည်း ညီးလေးတစ်ယောက် ပြောပြလို့ လုပ်ကြည့်တာ. ခဏလေးပဲကြာတယ်.. လုပ်နည်း ကြည့်ရအောင်..

ပထမဆုံး ကိုယ့်မှာ Facebook Account မဖွင့်ရသေးတဲ့ Gmail သစ် တစ်ခု ရှိထားရပါမယ်..  မရှိရင် Gmail အမြန်ဖွင့်နည်း ပြောပြပါမယ်..
1. ဖုန်းမှာ Chrome Browser ရှိရပါမယ်.. အခြား Browser တွေက အချိန်ကြာပြီး အဆင်မပြေတာ များလို့ပါ.. မရှိရင် အောက်မှာ ဒေါင်းပြီး Install လုပ်လိုက်ပါ..

Chrome Browser :
2. ဖုန်း အင်တာနက်ကို ဖွင့်ပြီး Chrome Browser ရဲ့ အပေါ်ဆုံးက Address Bar ထဲမှာ https://mail.google.com လို့ရိုက်ထည့်ပြီး Go ကိုနှိပ်လိုက်ပါ..

Screenshot_2014-07-30-00-46-18

3. ပြီးရင် Create an account ကိုနှိပ်. ဖုန်းနံပတ်ကလွဲလို့ ဖြည့်စရာရှိတာ ဖြည့်ပြီး Continue ဆိုတဲ့ အပြာတန်းကြီးကိုနှိပ်လိုက်ပါ.. အဲဒီမှာ ဖုန်းနံပတ်တောင်းလိမ့်မယ်.. တစ်ခါတစ်လေ မတောင်းဘူး.. တောင်းခဲ့ရင် အကွက်လေးရဲ့ ဘေးက အလံလေးကို တစ်ချက်နှိပ်လိုက်ပြီး Myanmar +95 ကိုရှာပြီးရွေးလိုက်.. ပြီးရင် ကိုယ့်ဖုန်းနံပတ်ကို 09 ကစပြီးဖြည့်လိုက်.. ကျွန်တော် ဖြည့်ပြထားတယ်.. How do we Send you codes? ရဲ့ အောက်နားမှာ Voice Call ကိုရွေး.. ပြီးရင် Continue ကိုနှိပ်လိုက်ပါ..

Screenshot_2014-07-30-00-50-59

ဖုန်း တစ်လုံး( နံပတ်ကတော့ ဘာမဆိုဖြစ်နိုင်ပါတယ်.. ) ခေါ်လိမ့်မယ်.. သူပြောတဲ့ ဂဏန်း ၆ လုံးကို ဖြည့်ရမယ့် အကွက်ထဲဖြည့်လိုက်ပြီး Confirm ကိုနှိပ်လိုက်ပါ..
4. Profile ဖြည့်ခိုင်းမှာဖြစ်ပါတယ်.. ကျော်သွားလို့လည်း ရပါတယ်.. ပြီးရင်တော့ Gmail ထဲကိုရောက်သွားပြီး Gmail Team က ပို့တဲ့ အီးမေး တွေ တွေ့ပါမယ်.. ဒီအတိုင်းထားလိုက်ပါ..

Screenshot_2014-07-30-00-55-53

ဖုန်းရဲ့ Home Key ကိုနှိပ်ပြီး ထွက်ပါ.. ( Home Key ဆိုတာ Huawei နဲ့ HTC မှာဆိုရင် အိမ်ပုံလေး.. ဖုန်းရဲ့ အောက်နားလေးမှာရှိတယ်. Samsung မှာဆို အောက်နားက Button အကြီးကြီး. )
ဒီမှာ Gmail ဖွင့်တာ ပြီးသွားပြီ... Gmail ရှိပြီးသားဆိုရင် အဆင့် 3 နဲ့ 4 ကို လုပ်စရာမလိုဘူး.. Sign in ဝင်ထားပြီး Home နဲ့ ထွက်ထားလိုက်ပါ....

Facebook Account ဖွင့်နည်း
1. ဖုန်းမှာ UC Browser တင်ထားလိုက်ပါ.. မရှိရင် အောက်မှာ ဒေါင်းပြီး Install လုပ်ထားလိုက်ပါ..

UC Browser :
2. UC Browser ကိုဖွင့်ပါ.. သူ့မှာပါတဲ့ Facebook ကိုနှိပ်ပါ.

Screenshot_2014-07-30-00-58-06 

ပြီးရင် Create New Account ကိုနှိပ်ပါ..

Screenshot_2014-07-30-00-58-43

3. ဖြည့်ရမယ့် အကွက်တွေထဲမှာ ဖြည့်ပါ.. ဒါကိုတော့ အသေးစိတ် မပြောတော့ပါဘူး.. Email မှာ ခုနက ဖွင့်ထားတဲ့ Email ကို ဖြည့်လိုက်ပါ.. ဆက်နှိပ်သွားရင်တော့ confirm code တောင်းတဲ့အဆင့်ကို ရောက်သွားပါမယ်..
Screenshot_2014-07-30-01-13-10

 ဘာမှ မလုပ်ဘဲ ဖုန်းရဲ့ Home Key ကိုနှိပ်ပြီး ထွက်လိုက်ပါ..

4. ခုနက ပြန်ထွက်ထားခဲ့တဲ့ Chrome Browser ကိုဖွင့်လိုက်ပါ.. အီးမေးထဲမှာ Facebook က ပို့ထားတဲ့ အီးမေးတစ်စောင် ရောက်နေပါမယ်.. မတွေ့သေးရင် မျဉ်းတို သုံးချောင်းရဲ့ ညာဘက်က မျဉ်းကွေးလေးကို တစ်ချက်နှိပ်လိုက်ပါ.. Facebook က အီးမေးကို တွေ့ရင် နှိပ်လိုက်ပါ.. အဲဒီမှာ Code 5 လုံး ပို့ထားတာကို မှတ်လိုက်ပါ.. ပြီးရင် Home Key ကိုနှိပ်ပြီး ပြန်ထွက်လိုက်ပါ..

Code

5. UC Browser ကိုဖွင့်လိုက်ပါ... Code ဖြည့်ရမယ့် အကွက်ထဲမှာ ခုနက မှတ်ထားတဲ့ ဂဏန်း ၅ လုံးကိုဖြည့်ပြီး Confirm ကိုနှိပ်လိုက်ပါ..

Screenshot_2014-07-30-01-13-48

6. ဒီအဆင့်မှာ Profile Information ဖြည့်ရပါမယ်.. ကျွန်တော် ပြထားသလို ဖြည့်လိုက်ပါ.. ဒါက အလွယ် ပြောတာပါ.. အကွက်တွေထဲမှာ ကိုယ်ဖြည့်ချင်တာကို ဖြည့်လို့ရပါတယ်.. Facebook က အသိအမှတ်ပြုထားတာကိုလိုချင်ရင်တော့ မြို့နာမည်၊ ကျောင်းနာမည်တွေကို ရေးပြီး ညာဘက်က Search ကိုနှိပ်.. ပေါ်လာတဲ့ မြို့၊ ကျောင်း တွေကို ရွေးထည့်နိုင်ပါတယ်.. ပြီးရင်တော့ Save ပေါ့..
Screenshot_2014-07-30-01-15-53
7. နောက်တစ်ဆင့်ကတော့ Friend တွေကို Add ပေးရပါမယ်. အနည်းဆုံး Friend 5 ယောက်ကို Search Box ထဲမှာ ရှာပြီး Add လိုက်ပါ.. လက်ခံမယ့်သူဆို ပိုအဆင်ပြေပါတယ်.. ၂၄ နာရီအတွင်း ၅ ယောက်လုံးက Friend အဖြစ် လက်ခံရင် ပိုကောင်းပါတယ်..

Screenshot_2014-07-30-01-16-17

8. နောက်အဆင့်တွေမှာတော့ Skip တွေကိုနှိပ်ပြီး ကျော်နိုင်ပါပြီ.. အားလုံးပြီးသွားရင်တော့ Facebook Account တစ်ခု လွယ်လွယ်ကူကူ ရပြီးသွားပါပြီ...

Screenshot_2014-07-30-01-32-33

 Home Key နှိပ်ပြီး ပြန်ထွက်ကာ Facebook Application ဖွင့်ပြီး ကိုယ့်အကောင့်ကို Log in ဝင်နိုင်ပါပြီ...
ဒီ Facebook App ထဲမှာလည်း မြို့နာမည်၊ ကျောင်းနာမည်တွေ မေးပါတယ်.. အကောင့်လုပ်တုန်းကအတိုင်း ဖြည့်ပေးလိုက်ပါ.. ဒုတိယ အဆင့်နဲ့ တတိယအဆင့်ကို Skip လုပ်ပြီး ကျော်လိုက်ပါ.. ဒါဆို သုံးလို့ရပြီ.. အစ အဆုံး အကောင့်ဖွင့်တာ ၁၀ မိနစ်ပဲကြာပါတယ်.. လိုင်း စုတ်လို့ စောင့်နေရတာတော့ မသိဘူးနှော်...

Screenshot_2014-07-30-03-02-57

Screenshot_2014-07-30-03-03-18


အကောင့်ရပြီဆိုပြီး အားရဝမ်းသာ ဖြစ်မနေခင် သိထားရမယ့် စည်းကမ်းလေးတွေ ပြောပြပါအုံးမယ်..
1. ၂၄ နာရီအတွင်း Friend ၁၀ ယောက်ထက် ပိုပြီး Request မပို့ပါနဲ့
2. အကောင့်သစ်မှာ ပို့စ် အနည်းဆုံး ၃ ခု တင်ပါ.. ပို့စ်မှာ လင့်တွေ မထည့်ပါနဲ့အုံး.. နောက် သက်တမ်း ကြာလာမှ လင့်တွေပါတဲ့ စာတွေ တင်လို့ရပါပြီ..
3. သူများ ရေးထားတာတွေကို အနည်းဆုံး ၅ ခု Like လုပ်ပါ..
4. အကောင့်သစ်ကို ခု ဖုန်းနဲ့ သုံး၊ ခဏနေ ကွန်ပျူတာနဲ့သုံး မလုပ်ပါနဲ့အုံး.. အနည်းဆုံး ၂၄ နာရီတော့ ဖုန်းနဲ့ပဲ သုံးနေလိုက်ပါ...

ဒါဆိုရင်တော့ အဆင်ပြေပါပြီ.. ဘယ်တော့ ဖုန်းနံပါတ်နဲ့ ကုဒ်တောင်းမလဲဆိုတာ မသိပါဘူး....

နောက်တစ်ခုက မိတ်ဆွေတွေကို သေသေချာချာ ရှင်းပြထားပါလျက်နဲ့ Facebook အကောင့်လေး ဖွင့်ပေးပါ.. Facebook အကောင့် ဝယ်ချင်လို့ပါဆိုပြီး လာမပြောပါနဲ့.. ကျွန်တော် အဲဒီဝန်ဆောင်မှု မလုပ်ပေးပါခင်ဗျာ..

အထက်ပါနည်းအတိုင်း တစ်နေ့ကို အရေအတွက်အကန့်အသတ်မရှိ လုပ်နိုင်ပါတယ်.. ဖုန်းရဲ့ Setting> Application> Manage Application သို့မဟုတ် Setting> More> Application Manager ကိုနှိပ်.. Chrome ကိုနှိပ်.. Clear Data လုပ်.. UC Browser ကိုလည်း Clear Data လုပ်ပြီး အကောင့်သစ် နောက်တစ်ခု ထပ်ဖွင့်နိုင်ပါတယ်...
Screenshot_2014-07-29-16-23-52

Screenshot_2014-07-29-16-25-00






ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...