-->

Saturday 27 December 2014

အတွေ့ရများသော Android ပြသာနာများ အပိုင်း(၂)

ဖုန်းအတွင်း Malwae များမ၀င်ရောက်စေရန် မည်သို့ဆောင်ရွက်ရပါမည်နည်း
--------------------------------------------------
Google Play Store (သို့) Mobogenie မှနေ၍ antvirus application တစ်ခုကို ဖုန်းထဲတွင် ထည့်သုံးပါ။ ယင်း antivirus သည် virus definition update ပုံမှန် လုပ်နိုင်သော အမျိုးအစားဖြစ်သင့်ပါသည်။ Real time protection ပေးနိုင်ရပါမည်။ Virus Scanning ကိုလည်း နှစ်ရက်တစ်ကြိမ်ခန့် ပုံမှန်ပြုလုပ်သင့်သည်။ အချိန် ၁၀ မိနစ်မှ ၁၅ မိနစ်ကြားပေးရပါမည်။
Third party website များမှနေ၍ application နှင့် Game များ download ချခြင်းကို ရှောင်သင့်ပါသည်။ အခမဲ့ application ပေးနေသော မြန်မာ website များအား malware များထပ်ချင်ကပ်လိုက်နေသည်ကို မကြာခဏတွေ့နေရပါသည်။ application နှင့် download ကိစ္စအတွက် Google Play Store နှင့် Mobogenie တို့မှာစိတ်အချရ ဆုံးဖြစ်ပါသည်။ လူကြိုက်များတေသာ application (ဥပမာ Facebook) အား ပုံတူကူးဖန်တီးထားသည့် application များအား download မချသင့်ပါ။ ယင်းတို့သည် malware ဖြန့်ဖြူးရန်အထူးရေးဆွဲထားသော application များဖြစ်နေတတ်ပါသည်။
မိမိလက်ခံရရှိသော email အတွင်း ပါဝင်လာသည့် link များအားအစစ်အမှန်ဖြစ်ကြောင်း အတည်မပြုနိုင်လျှင် Click မနှိပ်သင့်ပါ။ root ဖောက်ထားသော application ဖြစ်ခဲ့လျှင် ရှိသမျှ application တိုင်းအား Super User Access မပေးသင့်ပါ။ OS Version Update ထွက်လျှင် (ဖြစ်နိုင်ပါက) ရယူအသုံးပြုသင့်ပါသည်။ Version အသစ်များသည် လုံခြုံရေးအဆင့်တိုးမြှင့်ပေးထားတတ်သောကြောင့် ဖြစ်ပါသည်။ သို့သော် OS Version အသစ်သည် မိမိကိုင်သည့် ဟန်းဆက်ထုတ်လုပ်ရာ ကုမ္ပဏီမှပေးသော တရားဝင် version မျိုးဖြစ်သင့်ပါသည်။
ဆော့ဖ်ဝဲဆိုင်များမှ ၀ယ်ယူရရှိသော pirate application များသည် အန္တရာယ်များသည့်အတွက် သတိထားသုံးစွဲသင့် ပါသည်။ အချို့သော pirate application တို့တွင် Spyware များ ထည့်လွှတ်လိုက်သည် လည်းရှိတတ်ပါသည်။ Web Browsing မှ malware များဝင်ရောင်လာနိုင်သည့်အတွက် firewall တစ်ခု install လုပ်ပြီး သုံးရန်စဉ်းစားသင့်ပါသည်။ Droid wall မှာ သင့်တော်သည့် application ဖြစ်သော်လည်း မိမိဖုန်း၌ Super user access အမှန်တကယ်ရထားရန်လိုပါသည်။

Download ချပြီးသော application ကတောင်းခံလာမည့် Permission တို့ကို စစ်ဆေးနိုင်ပါမည်လော
------------------------
အချို့သော application များ install မလုပ်မီတွင် တောင်းခံသည့် Permission များသည် မိမိ၏ device အတွက် အန္တရာယ်များလှပါသည်။ ဖြစ်နိုင်လျှင် application တစ်ခုအား install လုပ်လျှင်တောင်းခံမည့် permission တို့အား ကြိုတင်စစ်ဆေးနိုင်လျှင် ပိုကောင်းပါသည်။ F-secure application သည် download ချထားသည့် application တစ်ခုကတောင်းခံမည့် permission တို့အား ကြည့်ရှုရန် ကူညီနိုင်ပါသည်။ application တို့တောင်းခံသည့် permission တို့သည် သင့်မြတ်လျော်ကန်မှုရှိမရှိ စစ်ဆေးနိုင်ရုံသာမကသေးဘဲ မည်သည် application က မိမိအား ငွေကုန်ကြေးကျများစေနိုင်သည် ကိုလည်း F-secure က ပြောပြပါဦးမည်။
သို့သော် F-secure ကိုအသုံးပြုရန် root access လိုပါသည်။ root access မရှိဘဲ applicaton တစ်ခု၏ Permission တောင်းခံချက်ကို disable လုပ်နိုင်သည့် နည်းလမ်းမရှိပါ။ root လုပ်ထားသည့်ဖုန်းတွင် filter များသုံး၍ မိမိအလိုရှိသော ရလဒ်များကို ရွေးနိုင်ပါသည်။ ထွက်လာသော ရလဒ်အပေါ်မူတည်ပြီး application တစ်ခုအား အသေးစိတ်စစ်ဆေးနိုင်ပါမည်။ install လုပ်ပြီးသော application ဖြစ်ပါက uninstall ပြုလုပ်ရန် ရွေးနိုင်ပါမည်။ root ဖောက်ရန်နှင့် Super user access ရရန်တို့မှာတစ်ပါး F-secure သည် မိမိအား ငွေကုန်ကြေးကျသက်သာစေရန်နှင့် ဘက်ထရီအားကုန်မှု သက်သာစေရန်ကူညီနိုင်ပါသည်။
Credit : Mobile Guide Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...