-->

Thursday 11 December 2014

Galaxy Note Edge အတွက် CF-Auto-Root များ

Galaxy Note Edge ကို Root ဖောက်ချင်တဲ့သူတွေအတွက် ဒီတစ်ခေါက် တော့ CF-Auto-Root file ရလို့ ဖော်ပြပေးလိုက်ပါတယ်။
Odin ကို အသုံးပြုတော့ Root ဖောက်သွားမှာပါ။ အသုံးပြုပုံကိုတော့ ပုံနှင့်တကွဖော်ပြထားပါတယ်။
မျက်နှာပြင်အကွေးလေးနဲ့လှပတဲ့ Galaxy Note Edge ကို Root ဖောက်ဖို့အတွက် အောက်ကလင့်တွေမှာ လိုအပ်တဲ့ File တွေကို ဒေါင်းလုတ်လုပ်လိုက်ပါ။
Download ချပြီးပြီဆိုလျှင်အရင်ဆုံး Samsung Driver ကို အရင် run ပါ။ run ပြီးပြီ ဆိုလျှင် စောစောကဒေါင်းထားတဲ့ File ကို တစ်နေရာရာတွင် extract လုပ်လိုက်ပါ။
Extract လုပ်ပြီးသွားပြီဆိုလျှင် ဖုန်းကို power ပိတ်ပါ။
ဖုန်းpower ပိတ်သွားပြီးဆိုလျှင် battery ကို ၅ စက္ကန့်လောက်ဖြုတ်၊ ပြီးရင်ပြန် တပ်ပြီး Download Mode ထဲဝင် (Vol Down + Home Key + Power Button ) ဒီသုံးခုကို ၂-၃ စက္ကန့်လောက် တွဲနှိပ်ထားပါ။ ပုံ (၁) တွင်ကြည့်နိုင်ပါတယ်။
Warning ပေါ်လာရင် Vol Up ကိုနှိပ်လိုက်ရင် Download Mode ထဲဝင်သွားပါပြီ။အောက်ကပုံ (၂) ကိုကြည့်ပါ။
Download Mode ထဲဝင်သွားပြီးဆိုလျှင် စောစောက extract လုပ်ထားတဲ့ file ထဲက Odin3-v3.07.exe ကို run လိုက်ပါ။ runပြီးတာနဲ့ ဖုန်းကို ကွန်ပျုတာနဲ့ချိတ်ဆက်လိုက်ပါ။ …
ချိတ်ဆက်လိုက်ရင် Odin ရဲ့ ဘယ်ဘက်နားက message box မှာ Added ဆိုတဲ့စာသားပေါ်လာပါလိမ့်မယ်။ ဒါဆို ချိတ်ဆက်မှုအောင်မြင်သွားပါပြီ။
ပုံ (၃) အတိုင်းပေါ်လာပါလိမ့်မယ်။
အဲဒီမှာ PDA ဆိုတဲ့ button ကိုနှိပ်ပြီး စောစောက extract လုပ်လိုက်တဲ့ file ထဲမှာ CF-Auto-Root.tar file or .tar.md5 ကိုရွေးပေးလိုက်ပါ။ ပုံ(၄) တွင်ကြည့်နိုင်ပါတယ်။
ဖိုင်ထည့်တာလည်းမှန်သွားပြီဆိုလျှင် Start button ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် စတင်ပြီးအလုပ်လုပ်နေပါပြီး…..
Odin မှာ အစိမ်းရောင်အတန်းနဲ့ pass ဖြစ်သွားရင် ဖုန်းက reboot ကျသွားပါလိမ့်မယ်။
ဒါဆို ကွန်ပျုတာနဲ့ ချိတ်ဆက်ထားတာကို ဖြုတ်လိုက်ပါ။ ပြန်တတ်လာရင် Samsung Galaxy Note Edge မှာ SuperSu ပုံလေးပေါ်လာရင်အောင်မြင်စွာနဲ့ root ဖောက်ပြီးသွားပါပြီ။
အားလုံးကို Today’s Technology မှကျေးဇူးတင်ရှိပါတယ်………..
PDF file ဖြင့်သိမ်းချင်သူများအတွက် အောက်တွင်ဒေါင်းရန်
http://www.mediafire.com/…/aprqw6f…/Galaxy_Note_edgeroot.pdf

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...