-->

Sunday 28 December 2014

How to check if your Mi device is genuine (Xiaomi အစစ်/အတုစစ်နည်း)

1] Before unpacking: IMEI
ပလပ်စတစ်ခွံမခွာခင် ဘားကုတ်နှိပ်ထားတဲ့ အဖြူရောင် sticker ပေါ်က IMEI နံပါတ်နဲ့ SN နံပါတ်တွဲပြီး စစ်လို့ရပါတယ်။
[2] Before (OR) After unpacking: Scode
MI အမှတ်တံဆိပ်ပါတဲ့ security sticker ကပ်ထားတဲ့ တရုတ်အလုံးတွေမှ စစ်လို့ရမှာပါ၊ ဂဏန်းတွေကို ခဲအုပ်ထားလေ့ရှိပြီး အရင်ထွက်ခဲ့တဲ့အလုံးတွေမှာတော့ ခဲမအုပ်ထားပါဘူး။ ခဲမအုပ်ထားရင် ဒီအ တိုင်းမြင်နေရတဲ့ဂဏန်းတွေကို စစ်ကြည့်လို့ရပြီး ခဲအုပ်ထားတဲ့အလုံးမျိုးဆိုရင်တော့ ပလပ်စတစ်ခွံခွာပြီး ခဲကိုခြစ်ပစ်လိုက်မှ စစ်လို့ရမှာပါ။
[3] After switching on the device: Installing apk
ဒါကတော့ စက်ကိုဖွင့်ပြီးမှ apk သွင်းပြီး စမ်းတဲ့နည်းပါ၊ တရုတ်လိုဖတ်တတ်မှ အဆင်ပြေပါတယ်။
မှတ်ချက် - IMEI record ရှိတိုင်း အစစ်လို့မပြောနိုင်သေးပါဘူး၊ အတုကလည်း အစစ်တစ်လုံးရဲ့ IMEI အတိုင်း ကူးချထားနိုင်ပါတယ်၊ record မရှိရင်သာ သံသယဖြစ်ရမှာပါ။ ထိုနည်းတူ Scode record ရှိတိုင်း အစစ်လို့မပြောနိုင်ပါဘူး၊ ကိုယ်စစ်တဲ့အခါ ဒီ scode နံပါတ်ကို ဘယ်နှကြိမ် စစ်ထားပြီးပြီ လဲဆို တာ ဖော်ပြပါတယ်၊ အဲဒီအကြိမ်အရေအတွက်က ခဲခြစ်ပြီးပြီးချင်း စစ်လိုက်ရင် 1 ကြိမ်လို့ ပေါ်ရမှာပါ၊ အကြိမ်ပေါင်းများစွာစစ်ပြီးတဲ့ scode ဆိုရင်တော့ အစစ်အတိုင်း လိုက်ကူးထားတဲ့ scode အတုဖြစ် ဖို့ သေချာပါပြီ။
စက်ဖွင့်ပြီး Official firmware တင်ကြည့်တာ၊ Hardware test လုပ်ကြည့်တာတွေက ပိုစိတ်ချရပါတယ်။
Last Updated: [ထပ်မံဖြည့်စွက်ချက်]
Mi device များကို အစစ် အတု အကြမ်းဖျင်း ခွဲနည်း
*#*#64663#*#* ဆိုတဲ့ code ကို ရိုက်လိုက်လို့ hardware test ပေါ်ရင် အစစ်ဖြစ်ဖို့များတယ် ... cross-check အနေနဲ့ ဖုန်းနဲ့ ဘူးခွံ imei တိုက်စစ် ... ပီးရင်www.order.mi.com/imei/service မှာ imei နဲ့ S/N ရိုက်ပီး စစ်ပါ ... နောက်ဆုံးအနေနဲ့ firmware update လုပ်လို့ရရင် အစစ်ဆိုတာ ကျိန်းသေသလောက်ပါပဲ ... အနှစ်ချုပ်အနေနဲ့ ပြောရရင် hardware test ကိုစစ် ... imei ကို cross-check တိုက်စစ်လို့ တူရင် အစစ်လို့ ကောက်ချက်ချလို့ရပါပီ ... ပိုသေချာချင်ရင် online ကလည်းစစ် ... ဒီ့ထက်ကို ထပ်ပီး သေချာစေချင်သေးရင် firmware ပါ မြှင့်ခိုင်းလိုက်ပါ။
Credit : လမင်းမောင်နည်းပညာ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...