-->

Wednesday 24 December 2014

Gionee E7 ကို GNQC DownLoad Tool နဲ့ Firmware တင်နည်း

Gionee E7 ကို GNQC Tool နဲ့ Firmware တင်ရအောင်…..
အရင်ဆုံးအောက်တွင်လိုအပ်တဲ့ File ကိုအောက်တွင်ဒေါင်းပါ။
ဒေါင်းပြီးပြီဆိုလျှင်
အရင်ဆုံး ဒေါင်းထားတဲ့ zip file ကို extract လုပ်လိုက်ပါ။
Extract လုပ်လိုက်ရင် Qualicom Driver ကိုအရင် install လုပ်ပါ။
နောက် အဲဒီအထဲမှာ GNQC DownLoad Tool V1.6.9.0 ဆိုတဲ့ Folder ကိုဝင်ပါ။
အဲ Folder ကို ဝင်လိုက်ရင် GNQC_Downloader.exeကို Run ပေးလိုက်ပါ။
Run ပြီးသွားရင် BP Browse ဆိုတဲ့ button ကိုနှိပ်ပါ။
BP Browse button ကိုနှိပ်လိုက်ရင် Box တစ်ခုကျလာလိမ့်မယ်…
ကိုယ်ဒေါင်းထားတဲ့ Firmware folder ရဲ့ လမ်းကြောင်းကိုသွားပြီး bp_image folderကိုရွေးပါ။
ပြီရင် OK ကိုနှိပ်လိုက်ပါ။
နောက် AP Browse ဆိုတဲ့ button ကိုနှိပ်ပါ။
Box တစ်ခုကျလာရင် စောစောကအတိုင်းပဲ Firmware folder ရှိတဲ့ နေရာကိုသွားပါ။ အဲဒီမှာ Firmwareဆိုတဲ့ folder တစ်ခုလုံးကို ရွေးပါ။
ပြီးလျှင် OK ကိုနှိပ်ပါ။
Name နေရာမှာ WBW8901 ကို select လုပ်ပါ။
Download button ကိုနှိပ်လိုက်ရင် Ready to download လို့ပေါ်လာတာနဲ့ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပါ။ (မှတ်ချက်။ ။ဖုန်းကိုတော့ အရင်ဆုံး power ပိတ်ထားးပါ။)
GNQC Download Tool နဲ့ စတင်ပြီး Gionee E7 ကို Firmware စတင်နေပါပြီ။
Firmware တင်လို့ ပြီးသွားပြီဆိုလျှင် အောက်ကပုံအတိုင်းပေါ်လာမှာပါ ….
ပြီးရင်ဖုန်းက auto reboot ကျသွားတာနဲ့ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတာကိုဖြုတ်လိုက်ပါ။ ပြန်တတ်လာရင် Gionee E7 ကို အောင်မြင်စွာနဲ့ Firmware တင်လို့ပြီးသွားပါပြီ။
အားလုံးကို Today’s Technology မှအထူးပင်ကျေးဇူးတင်ရှိပါတယ်…….
PDF file ဖြင့်သိမ်းချင်သူများအတွက်..
http://www.mediafire.com/…/Gionee_E7_ကို_GNQC_DownLoad_Tool…

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...