-->

Saturday 27 December 2014

Xiaomi Mi3 အတွက် Fastboot Mode နဲ့ MIUI ROM Flash လုပ်ပုံလုပ်နည်းများ

အားလုံးပဲ မင်္ဂင်္လာပါ………
ကျွန်တော်အခုတင်ပြသွားမှာကတော့ မြန်မာနိုင်ငံမှာရော၊ အခြားနိုင်ငံတွေမှာပါနာမည်ရလာတဲ့ Xiaomi ဖုန်းတွေရဲ့ MIUI ROM ကို ဘယ်လို Flashing လုပ်တယ်ဆိုတာတွေကိုအခုတင်ပြသွားမှာဖြစ်ပါတယ်။ MiFlash ဆိုတဲ့ Flashing Tools ကိုအသုံးပြုပြီးတင်ပြသွားမှာဖြစ်ပါတယ်။ မလုပ်ခင်တော့ ဖုန်းထဲမှာရှိတဲ့ အရေးကြီး data တွေကို backup ယူထားတာပိုကောင်းပါတယ်။
အောက်မှာပေးထားတဲ့လင့်တွေမှာအရင်ဆုံး download လုပ်လိုက်ပါ။
MiFlash Tool ကိုဒေါင်းရန်
http://bigota.d.miui.com/tools/MiPhone20140509.exe
Full Fastboot MIUI ROM for Mi3 or Mi4 here
http://en.miui.com/thread-14641-1-1.html
အားလုံးပြီးပြီဆိုလျှင် download ချထားတဲ့ ROM ဖိုင်ကို Extract လုပ်ရပါမယ်။ Extract လုပ်တဲ့အခါမှာလဲ C:/ Drive ထဲမှာပဲ Extract လုပ်ပါ။ ( Folder တွေထဲမှာ .tgz ကို Extract သွားမလုပ်ပါနဲ့)
Extract လုပ်တာလဲပြီးပြီလိုထင်ပါတယ်
ဒါဆို စောစောကဒေါင်းထားတဲ့ MI flash tool ကို desktop မှာ run ပေးလိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်းဆက်လုပ်သွားပါ။
Finish ဖြစ်သွားရင် C drive အောက်က Program File ထဲက Xiaomi >> MiFlash >> MiFlash.exe file ကို Run as administrator နဲ့ Run ပေးလိုက်ပါ။
Run ပြီးသွားရင် MiFlash Tool မှာ Browse Button ကို click နှိုပ်လိုက်ပါ။ ပြီးရင် C Drive အောက်က စောစောက ROM ကို Extract လုပ်ထားတဲ့ C drive အောက် ကိုရောက်အောင်သွားပါ။ ရောက်ပြီးဆိုလျှင်ပုံမှာပြထားတဲ့အတိုင်း image folder ကိုရွေုးချယ်ပေးလိုက်ပါ။ အဆင့်တစ်ဆင့်တော့ပြီးသွားပြီ ဒါပေမဲ့ကျန်တဲ့အဆင့်တွေကိုဆက်သွားကြရအောင်....
စောစောက browse button ရဲ့ drop down ကိုတစ်ချက်နှိပ်ပြီ advance ဆိုတဲ့ button ကို click နှိပ်လိုက်ပါ။ ဒါဆို Advance Box တစ်ခုကျလာပါလလိမ့်မယ်….
အဲဒီမှာ Fastboot script ကိုတွေ့ရင်သူ့ဘေးနားက browse button ကိုဝင်လိုက်ပါ။ ၀င်ပြီး ROM ကို Extract လုပ်ထားတဲ့နေရာကိုသွားပါ။ ရောက်ပြီးဆိုလျှင် အဲဒီမှာ .bat file သုံးခုတွေ့ပါလိမ့်မယ်။
အဲဒီ bat file တွေရဲ့ဖွင့်ဆိုချက်တွေကိုတော့အောက်မှာဖော်ပြထားပါတယ်။
1. flash_all.bat:
clears all the data of the built-in storage, clear all user data, please be careful!
2. flash_all_except_storage.bat:
will erase all user data does not clear the built-in storage data.
3. flash_all_except_data_storage.bat:
does not clear the built-in storage data does not clear user data
ဒီ bat file သုံးခုထဲကမှ flash_all_except_storage.bat
ကိုပဲရွေးချယ်ဖို့အတွက်အကြံပေးချင်ပါတယ်။
Flashing လုပ်ငန်းစဉ်စတင်ဖို့အတွက် ဖုန်းကို power ပိတ်လိုက်ပါ။ ပြီးရင် Fastboot Mode ခေါ်ဖို့အတွက် Volume – Key + Power Button ကိုဖိနှိပ်ထားပါ။ Fastboot Mode ထဲဝင်သွားပြီးဆိုလျှင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ။
ချိတ်ဆက်ပြီးလျှင် MiFlash Tool မှာရှိတဲ့ Refresh button ကိုနှိပ်ပြီး device မြင်အောင်အရင်လုပ်ပါ။
Device တွေ့ရပြီးဆိုလျှင် Connect လုပ်ပါ။ Connect လုပ်ပြီးသွားပြီဆိုလျှင် Flash Button ကိုနှိပ်လိုက်တာနဲ့ Flashing လုပ်ငန်းစဉ်စတင်နေပါပြီ။
( Flash မလုပ်ခင် ROM ထည့်တာမှန်မမှန်စစ်ဆေးပြီးမှ Flashing လုပ်ငန်းစဉ်ကိုစတင်စေချင်ပါတယ်။)
Flashing လုပ်ငန်းပြီးသွားပြီဆိုလျှင် MiFlash ရဲ့ progress bar မှာအစိမ်းရောင်တန်းပေါ်လာပြီ၊ ဖုန်းက automatically boot ကျသွားတာနဲ့ ROM flash လုပ်တာအောင်မြင်တယ်လိုဆိုလို့ရပါတယ်။ ဖုန်း boot ပြန်တတ်လာရင် Xiaomi Android phone ကို Full MIUI ROM install လုပ်တာအောင်မြင်စွာနဲ့လုပ်နိုင်ခဲ့တာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
၂၀၁၅ နှစ်သစ်ကို စိတ်သစ်ကိုယ်သစ်လူသစ်နဲ့ပျော်ပျော်ရွှင်ရွှင်လျှောက်လှမ်းနိုင်ကြပါစေ………
အားလုံးကို Today’s Technology မှာကျေးဇူးအထူးတင်ရှိပါတယ်။
PDF file ဖြင့်သိမ်းထားချင်လျှင်အောက်ကလင့်မှာဒေါင်းနိုင်ပါတယ်....
http://www.mediafire.com/dow…/tf7l8j3t943lggk/Xiaomi_Mi3.pdf

1 comment:

  1. ကျေးဇူးတင်ပါတယ်ဗျာအကိုပြောတဲ့အတိုင်လုပ်လိုက်တာ အဆင်ပြေသွားတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...