-->

Wednesday 24 December 2014

Facebook က ဓါတ်ပုံများတွင် သူ၏ စတစ်ကာများကို ထည့်သွင်းနိုင်သည့် Stickered App ကို ဖြန့်ချီ

Facebook က ဓါတ်ပုံများတွင် သူ၏ စတစ်ကာများကို ထည့်သွင်းနိုင်သည့် Stickered App ကို ဖြန့်ချီပေးလိုက်ပါသည်။ Stickered App တွင် ရိုက်ကူးထားပြီးသော ဓါတ်ပုံများတွင် စတစ်ကာများ ထည့်သွင်းနိုင်သကဲ့သို့ စတစ်ကာများ ထည့်သွင်း၍ တိုက်ရိုက် ဓါတ်ပုံရိုက်ကူးနိုင်ပါသည်။
စတစ်ကာများထည့်သွင်းထားသည့် ဓါတ်ပုံများ ပြုလုပ်ပြီးလျှင် Stickered App မှပင် Messenger တွင် ပေးပို့နိုင် သကဲ့သို့ ဖုန်းတွင် သိမ်းဆည်းနိုင်ပါသည်။
Stickered App အပြင် Facebook က Messenger App ကိုလည်း Update ပြုလုပ်ပေးလိုက်ပါသည်။ Update တွင် နှစ်သစ်ကူးရာသီတွင် Selfie များပြုလုပ်ရန် ဓါတ်ပုံဖရိန်များ၊ နှင်းခဲပုံသဏ္ဍာန် Chat Head နှင့် Holiday-Themed Sticker Packs များပါရှိပါသည်။
Stickered for Messenger ကို Play Store မှ ရယူနိုင်ပြီ ဖြစ်ပြီး iOS အတွက် မကြာမီ ဖြန့်ချီပေးမည် ဖြစ်သည်။
အောက်ကလင့်တွင်ဒေါင်းရန်

Credit : Digital Life Journal

                                                                             


ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ကျေးဇူးတင်ပါတယ်...................ထင်ရှားအောင်(kyauk phyu thar)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...