-->

Wednesday 12 November 2014

SAMSUNG GALAXY ဖုန်း ANDROID VERSION 4.0 အထက် ဖုန်းအားလုံး FIRMWARE တင်နည်း


မင်္ဂလာပါ၊ ဒီနေ့ ဒီပိုစ်ကို ရေးရတဲ့ ရည်ရွယ်ချက်ကတော့ Samsung ဖုန်းတွေ Firmware တင်နည်းကို ဖုန်းတလုံးချင်းစီ နည်းမရေးတော့ပဲ အားလုံး ခြုံ ပြီး ရေးလိုက်တာပါ။ နောက်ပိုင်း ဖုန်းတလုံးချင်းရဲ့ Firmware တွေတင်တဲ့အခါ ဒီနည်းနဲ့ အလွယ်တွဲနိုင်အောင်ရည်ရွယ်ချက်ဖြစ်ပါတယ်။ အချို့သော သူငယ်ချင်းများကလည်း တောင်းဆိုထားကြပါတယ်။ အခုနောက်ပိုင်း Samsung ဖုန်းတွေက Firmware တင်တာ ဒီနည်းအတိုင်းပဲ တင်ရတာများပါတယ်။ အားလုံးနည်းပါးပါပဲ။ အောက်မှာ တဆင့်ချင်း ရှင်းပြ ၊ပေးထားပါမယ်။

အရင်ဆုံး မိမိ ဖုန်း Model နဲ့ ကိုက်ညီမဲ့ Firmware ကို ဒေါင်းထားပါ။ Firmware မရှာတတ်ရင် ကျနော့် FB မှာ မိမိဖုန်း Model အတိကျကို ပို့ထားလိုက်ပါ။ မူရင်းဆိုဒ်တခု ညွှန်ထားပေးပါမယ်.။


Download Your Phone Firmware

Download Odin 3.09

အပေါ်က မိမိ ဖုန်း Firmware နဲ့ Odin 3.09 ကို ဒေါင်းပြီးရင် အောက်ကနည်းအတိုင်း ဆက်ကြည့်လိုက်ပါ။


  • အရင်ဆုံးဖုန်း firmware ကိုရလျှင် Zip ဖြေလိုက်ပါ။ (Extract Firmware Zip File That Your Downloaded)
  • နောက်ပြီး ရင် Odin ကို ကွန်ပျူတာမှာ ဖွင့်လိုက်ပါ။
  • ဖုန်းကို ပိတ်ပြီးရင် ဖုန်းရဲ့ Volume Down + Power+ Home သုံးခုကို တွဲနှိပ်ပြီး Download Mode ၀င်ပါ။ နောက်ပြီး Dowloading Mode ထဲကိုရောက်ဖို့ Volume Up (အသံချဲ့ ခလုပ်) ကို တချက်နိပ်ပြီး ၀င်ပါ။ အောက်မှာ ပုံကိုကြည့်လိုက်ပါ။


  • ပုံမှာပြထားတဲ့အတိုင်း Downloading Mode ရောက်ရင် ကွန်ပျူတာနဲ့ USB ကြိုး ချိတ်ဆက်လို့ရပါပြီ။
  • အင်တာနက်လိုင်း တော့ရှိရမယ်နော်။ USB ချိတ်ဆက်ပြီး ခနစောင့်ပေးလိုက်ပါ။ 
  • ကွန်ပျူတာကနေ ဖုန်းရဲ့ Driver ကို Auto ဒေါင်းပေးပါလိမ့်မယ်။ ခနနေကြာရင် Odin ရဲ့ ID.com အောက်မှာ အရောင်လေးသမ်းလာ ပါလိမ့်မယ်။


  • ပြီးရင် Odin ရဲ့ AP မှာ ခုန Firmware ကို Zip ဖြေထားတဲ့အထဲက tar.md5 ဆိုတဲ့ဖိုင်ကိုယူပါ။ SS.DLL ဖိုင်ကိုလုံးဝမယူမိ ပါနဲ။ ပြီးရင် အ၀ိုင်းလေးလည်တာကို ခန စောင့်ပေးလိုက်ပါ။ 
  •  Start မနိပ်ခင်  “Auto Reboot” နဲ့ “F. Reset Time” ကိုသာ အမှတ်ပေးပြီး ကျန်တာဘာမှ လက်မဆော့ပါနဲ့။
  • 1 မိနစ်လောက် စောင့်ပြီး Start ကိုနိပ်ပါ။ 
  • Firmware ရေးနေတာကို Odin မှာ ပြပါလိမ့်မယ်။ ပုံကိုကြည့်လိုက်ပါ။


  • ၁၅ မိနစ်လောက်စောင့်ရပါတယ်။ ခဏကြာရင် PASS ပြပါလိမ့်မယ်။ ဖုန်းက Auto Reboot ကျသွားလိမ့်မယ်။ ပြန်တင်လာရင် ဖန်းဝဲတင်ခြင်းအောင်မြင်ပြီးဆုံးပါပြီ။
  • ဖုန်းက ပြန်တက်လာလို့ Samsung Logo မှာလည်းနေရင် ဖုန်းကို ဓာတ်ခဲ့ဖြုတ်ပြီးပြန်တပ် Volume Up+ Power+Home တွဲနှိပ်ပြီး Recovery Mode ၀င်ပါ။ အဲထဲမှာ Factory Data Reset လုပ်ပေးပြီး Reboot System Now နှိပ်လိုက်ပါ။


ဖုန်းပြန်ပွင့်လာရင် အားလုံး အိုကေပါပြီ။ အခု Firmware တင်နည်းကို နည်းပညာ အားနည်းသမားတွေ နားလည် ၊စေချင်လို့ တဆင့်ချင်း ပုံနှင့်သေခြာပြထားတာပါ။ ဒီလောက်ဆို အားလုံး အဆင်ပြေပြေနဲ့ လုပ်တတ် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Firmware ဒေါင်းတာ အဆင်မပြေရင် Teamviewer ကို စက်မှာ ထည့် ထားပြီး ကျနော့် Facebook (https://www.facebook.com/zawmintan) ကို စာပို့လိုက်ပါ။


အားလုံးအဆင်ပြေပါစေ.......။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...