-->

Monday 24 November 2014

သင့် ပတ်ဝန်းကျင်မှ လူများနဲ့ မိတ်ဖွဲ့နိုင်မယ့် လူမှုကွန်ယက် Bee Talk Myanmar

Bee Talk Myanmar ဆိုတဲ့ Android App က သင့် ပတ်ဝန်းကျင်မှ လူများကို လွယ်ကူစွာ ရှာဖွေပေးပြီး မိတ်ဖွဲ့နိုင်တဲ့ လူမှုကွန်ယက် တစ်ခုဖြစ်ပါတယ်။ အဲဒီအတွက် အနီးအနားမှ ၀ါသနာတူရာ သူငယ်ချင်းများကို ရှာဖွေနိုင်ပြီး ပြင်ပ ကမ္ဘာမှာပါ မိတ်ဖွဲ့နိုင်မှာပါ။ ဒါ့အပြင် နာမည်ကြီး Snap Chat လိုပဲ Bee Talk မှာ ပေးပို့လိုက်တဲ့ Message, Sticker, Doodle, Photo များကို တစ်ဖက်လူက ဖတ်ရှုပြီးတာနဲ့ စက္ကန့်ပိုင်းအတွင်းမှာ ဖျက်ပေးနိုင်ပါတယ်။ အဲဒီအတွက် သင့်ရဲ့ ဓါတ်ပုံများကို အခြားလူများ သိမ်းဆည်းထားမှာ ပူစရာ မလိုတော့ပါဘူး။ Bee Talk Myanmar အသုံးပြုသူအချင်းချင်း ကြိုက်သလောက် ဖုန်းပြောနိုင်သလို ၊ စာတို၊ Voice Message ပေးပို့ ရယူတာ အားလုံးဟာလည်း အခမဲ့ ဖြစ်ပါတယ်။
Bee Talk Myanmar ကို အင်စတော လုပ်ပြီးရင် Register လုပ်ရပါမယ်။ Bee Talk Myanmar က Viber လိုပဲ သင့်ဖုန်းနံပါတ်နဲ့ မှတ်ပုံတင်ရတဲ့ အတွက် Password မလိုဘဲ User Name တစ်ခုတည်းနဲ့ အကောင့်တစ်ခု ပြုလုပ်နိုင်ပါတယ်။ App ကို ဖွင့်ပြီးရင် အကောင့်ဖွင့်ရန် ခလုတ်ကို နှိပ်ပြီး နောက်အဆင့်မှာ ဖုန်းနံပါတ်ရိုက်ထည့်ပေးပါ။ ပြီးရင် သင့်ဖုန်းကို SMS ဖြင့် လျှို့ဝှက်ကုဒ်နံပါတ်တစ်ခု ပေးပို့ပါမည်ဟု အသိပေးမှာ ဖြစ်ပြီး အတည်ပြုရန်ကို နှိပ်ပါ။ နောက်အဆင့်မှာတော့ ရရှိတဲ့ ကုဒ်ကို ထည့်ပေးပြီး ရှေ့ဆက်ရန်ကို နှိပ်ပါ။

ကျွန်တော့် အတွေ့အကြုံအရတော့ SMS မ၀င်လာပါဘူး။ ဖုန်းဖြင့်ခေါ်ပါကို နှိပ်မှသာ ဖုန်းဝင်လာပြီး ကုဒ်နံပါတ် ခြောက်လုံးကို ပြောပြပါတယ်။ ကုဒ်တွေကို သေချာမှတ်ထားပြီး App ရဲ့ ကုဒ်ထည့်တဲ့ စကရင်မှာ ထည့်သွင်းပေးပြီး ရှေ့ဆက်ရန်ကို နှိပ်ပါ။
မှတ်ပုံတင်ပြီးသွားရင် အောက်ပါ စကရင်ကို မြင်ရမှာပါ။ ကျား သို့မဟုတ် မ ကိုရွေးချယ်ပေးပါ။ Bee Talk မှာ သင့်ရဲ့ Facebook ကိုယ်ရေးအကျဉ်းကို အသုံးပြုနိုင်ပါတယ်။ ကျွန်တော်ကတော့ ကိုယ်ရေးအကျဉ်းကို ကိုယ်တိုင်ပြန်ရေးထည့်ချင်လို့ ရှေ့ဆက်ရန်ကို နှိပ်ပါတယ်။
နောက်အဆင့်မှာ သင့်ရဲ့ Profile Picture ကို တောင်းခံပါလိမ့်မယ်။ အိုကေကို နှိပ်ပြီး သင့်ပုံကို ထည့်သွင်းနိုင်သလို နောက်မှကို နှိပ်ပြီး နောက်ပိုင်းကျမှ ထည့်သွင်းနိုင်ပါတယ်။
နောက်အဆင့်မှာ ဖုန်းစာအုပ်မှ သူငယ်ချင်းများကို ထည့်ရန် စကရင်ကို မြင်ရမှာပါ။ အိုကေ သို့မဟုတ် နောက်မှကို ရွေးချယ်နိုင်ပါတယ်။
ပြီးရင်တော့ Bee Talk ရဲ့ ပင်မစာမျက်နှာကို ရောက်သွားမှာ ဖြစ်ပါတယ်။ ရောက်ရောက်ချင်းမှာပဲ Bee Talk က ကသင့် တည်နေရာရဲ့ အနီးအနားမှ Bee Talk အသုံးပြုသူများကို ရှာဖွေပေးပါလိမ့်မယ်။
ညာဘက် အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပြီး ယောင်္ကျားလေး သီးသန့် သို့မဟုတ် မိန်းကလေး သီးသန့် ရှာနိုင်သလို လိင်မခွဲခြားဘဲ အားလုံးကို ရှာနိုင်ပါတယ်။
သူငယ်ချင်းတစ်ယောက်ထံ Friend Request ပေးပို့ဖို့ အတွက် အဲဒီလူကို တစ်ချက်နှိပ်ပါ။
ထည့်ရန်ကို နှိပ်ရင် ဖိတ်ကြားလွှာမှာ သင်ရေးချင်တာ ရေးပြီး မိတ်ဖွဲ့လွှာကို ပေးပို့နိုင်သလို ဘာမှ မရေးဘဲ အတည်ပြုရန်ကို နှိပ်ရင်လည်း မိတ်ဖွဲ့လွှာကို ပေးပို့ပေးမှာပါ။ အဲဒီနည်းနဲ့ သူငယ်ချင်းများကို ရှာဖွေနိုင်ပါတယ်။
တစ်ဖက်လူက သင့်ရဲ့ မိတ်ဖွဲ့မှုကို လက်ခံရင် စာတိုနဲ့ အသိပေးမှု ရရှိမှာ ဖြစ်ပါတယ်။ သင့်ရဲ့ သူငယ်ချင်းများကို Bee Talk ရဲ့ အောက်ခြေမှ အဆက်အသွယ်များ ဆိုတဲ့ ကဏ္ဍမှာ ကြည့်နိုင်ပါတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြော ၊ စာပို့ချင်ရင် အဲဒီလူကို တစ်ချက်နှိပ်ပြီး စာ သို့မဟုတ် ဖုန်း အိုင်ကွန်ကို နှိပ်ပါ။ သူ့ရဲ့ ပို့စ်များကို ကြည့်ချင်ရင် ပို့စ် ကိုနှိပ်ပါ။
အဲဒီ စကရင်မှာပဲ ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပြီး အပယ်စာရင်းထဲထည့်ရန်ကို ရွေးပြီး Block ပြုလုပ်နိုင်သလို ဖျက်ရန်ကို နှိပ်ပြီး Unfriend ပြုလုပ်နိုင်ပါတယ်။

သင်နဲ့ သူငယ်ချင်းများ စာပေးပို့ထားမှုများကို Bee Talk အောက်ခြေမှ စကားဝိုင်းများဆိုတဲ့ ကဏ္ဍမှာ ကြည့်နိုင်ပါတယ်။ အဲဒီကနေ စကားပြောနေကျသူငယ်ချင်းများနဲ့ လျှင်မြန်စွာ စကားပြောနိုင်မှာပါ။ စကားပြောချင်တဲ့ သူငယ်ချင်းကို တစ်ချက်နှိပ်ပါ။ စာသားများ အပြင် စတစ်ကာ၊ ဓါတ်ပုံ၊ တည်နေရာများကို ပေးပို့ဖို့ အတွက် ဘယ်ဘက်မှ အပေါင်း လက္ခဏာ ခလုတ်ကို တစ်ချက်နှိပ်ပါ။ စတစ်ကာများကိုလည်း အခမဲ့ ဒေါင်းလုပ် ရယူနိုင်တာ တွေ့ရပါတယ်။
Bee Talk ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ချက်က အဲဒီ ကဏ္ဍမှာဖြစ်ပါတယ်။ Bee Talk မှာ စာသားများ၊ ဓါတ်ပုံများ၊ စတစ်ကာများနဲ့ အရေးအခြစ်များ အားလုံးကို အသံတိတ်ပုံစံနဲ့ ပေးပို့လို့ရပါတယ်။ အသံတိတ်ပုံစံဆိုတာကတော့ သင်ပေးပို့လိုက်တဲ့ အရာများဟာ တစ်ဖက်လူက ကြည့်ရှုပြီးတာနဲ့ သင်သတ်မှတ်ထားတဲ့ စက္ကန့်အတွင်းမှာ အလိုလို ဖျက်ပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ရဲ့ ဓါတ်ပုံများကို ခဏသာပြနိုင်ပြီး သူငယ်ချင်းများက သင့်ဓါတ်ပုံများကို ကူးယူသိမ်းထားခြင်းကို ကာကွယ်နိုင်ပါတယ်။
ဒီလို အသံတိတ် စွမ်းဆောင်ချက်ကို အသုံးပြုဖို့ စာရေးသားတဲ့ Box ရဲ့ ဘယ်ဘက်မှ Slider Button ကို ညာဘက်သို့ ပွတ်ဆွဲပေးပါ။
အသံတိတ် ပုံစံကို ပြောင်းသွားရင် ဗုံးပုံစံ ခလုတ်တစ်ခုကို တွေ့နိုင်ပါတယ်။ ဗုံးပုံစံ ခလုတ်မှာ တစ်ဖက်လူက ကြည့်ရှုပြီးတာနဲ့ ဖျက်ဖို့ စောင်းဆိုင်းပေးတဲ့ အချိန်ကို တွေ့ရမှာပါ။ အဲဒီ အချိန်ကို သတ်မှတ်ဖို့ ဗုံးပုံစံ ခလုတ်ကို တစ်ချက်နှိပ်ပါ။ ၁၅ စက္ကန့်အထိ အချိန်စောင့်ဆိုင်းခိုင်းနိုင်ပါတယ်။ အဲဒီ စကရင်မှာပဲ သူငယ်ချင်းနဲ့ ဖုန်းပြောချင်ရင် ညာဘက်အပေါ်ထောင့်မှ ဖုန်းအိုင်ကွန်ကို နှိပ်ပါ။
အသံတိတ် ပုံစံကနေ သာမာန်ပုံစံကို ပြောင်းဖို့ ညာဘက်ရောက်သွားတဲ့ Slider ကို ဘယ်ဘက်သို့ ပြောင်းပေးပါ။
Bee Talk ရဲ့ အောက်ခြေမှ ပို့စ်ကဏ္ဍကို သွားရင် အနီးအနားမှ သူငယ်ချင်းများရဲ့ Public အနေနဲ့ တင်ထားတဲ့ ပို့စ်များကို ပြသပေးမှာပါ။ Facebook လိုပဲ အပေါ်ကနေ အောက်ခြေကို ဆွဲချင်ရင် ပို့စ်အသစ်များကို ပြသပေးမှာ ဖြစ်ပါတယ်။ သူငယ်ချင်းများရဲ့ ပို့စ်မှာ ကွန်းမန့်ရေးနိုင်သလို သင့်ရဲ့ နှစ်သက်မှု၊ မနှစ်သက်မှု အခြေအနေကို ပြသဖို့ အသည်းပုံ၊ မဲ့နေတဲ့ပုံတွေကို အသုံးပြုနိုင်ပါတယ်။
သင့်သူငယ်ချင်းများရဲ့ ပို့စ်များကို ကြည့်ဖို့အတွက် အပေါ်မှ သူငယ်ချင်းများ ကဏ္ဍကိုသွားပါ။ ကိုယ်တိုင် ပို့စ်တစ်ခု တင်ဖို့အတွက် ညာဘက်အပေါ်မှ ခဲတံခလုတ်ကို နှိပ်ပါ။ စကားများ၊ ဓါတ်ပုံများ၊ အသံ၊ အရေးအခြစ်နဲ့ လင့်များကို ပို့စ်တင်နိုင်ပါတယ်။
ပို့စ်တင်တဲ့ စကရင်မှာ နှစ်သက်ရာ စာသားများ ရေးနိုင်ပြီး အပေါင်း ခလုတ်ကို နှိပ်ရင် ဓါတ်ပုံများ တင်နိုင်မှာပါ။ သို့မျှဝေရန် မှာ Bee Talk အသုံးပြုသူအားလုံးနဲ့ မျှဝေနိုင်သလို၊ သူငယ်ချင်းများနဲ့သာ မျှဝေနိုင်ပါတယ်။ သူငယ်ချင်းများကို Tag ပြုလုပ်ချင်ရင် @ မှာ ရွေးချယ်ပေးပါ။ သင့်ရဲ့ တည်နေရာကို မျှဝေနိုင်ပါသေးတယ်။ Bee Talk မှာ သာမက Facebook မှာပါ အဲဒီပို့စ်ကို မျှဝေချင်ရင် Facebook ကို မျှဝေရန်မှာ အမှန်ခြစ်ပေးပါ။ ပြီးရင်တော့ ညာဘက်အပေါ်ထောင့်မှ မျှားပုံစံ ခလုတ်ကို နှိပ်ပြီး ပို့စ်တင်ပါ။
Bee Talk ရဲ့ အောက်ခြေမှ ကျွန်ုပ် ကဏ္ဍကိုသွားရင် သင့်ရဲ့ ကိုယ်ရေးအကျဉ်းများကို ထည့်သွင်းနိုင်တဲ့ စကရင်ကို ရောက်ရှိမှာဖြစ်ပါတယ်။ ၀ါသနာတူရာ သူငယ်ချင်းများကို ရရှိဖို့ ကိုယ်ရေးအချက်အလက်များကို ပြည့်စုံစွာ ထည့်သွင်းထားသင့်ပါတယ်။ Settings မှာတော့ Bee Talk ရဲ့ Settings များကို ပြောင်းလဲ သတ်မှတ်နိုင်ပါတယ်။
Bee Talk ဟာ စင်ကာပူမှာ မှတ်ပုံတင်ထားပေမယ့် ထိုင်းနိုင်ငံအခြေစိုက် ဖြစ်ပါတယ်။ Bee Talk ရဲ့ စွဲဆောင်မှု ရှိတဲ့ အချက်က နိုင်ငံခြားဖြစ် App ဖြစ်ပေမယ့် မြန်မာနိုင်ငံအတွက် မိခင် ဝေါဟာရ စကားလုံးများကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ Snap Chat ကို ယှဉ်တုနိုင်ရုံ သာမက Snap Chat မလုပ်နိုင်သေးတဲ့ စာသားများ အပြင် ဓါတ်ပုံများ၊ စတစ်ကာများနဲ့ အရေးအခြစ်များကိုပါ အချိန် အကန့်အသတ်နဲ့ အလိုလို ဖျက်ပေးနိုင်တာ ဖြစ်ပါတယ်။ အနီးအနားမှာ ရှိတဲ့ သူငယ်ချင်းများကို ရှာဖွေ မိတ်ဖွဲ့နိုင်တာကလည်း ပြင်ပကမ္ဘာမှာပါ မိတ်ဆွေ သူငယ်ချင်းများ ရရှိနိုင်ပါတယ်။
Bee Talk Myanmar ကို အောက်မှ ဒေါင်းနိုင်ပါပြီဗျာ။

                                                                             



ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ကျေးဇူးတင်ပါတယ်...................ထင်ရှားအောင်(kyauk phyu thar)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...