-->

Wednesday 26 November 2014

Ubuntu OS ပေါ်တွင် Play Store မှ App များကို Download ပြုလုပ်ခြင်း

Play Store မှ App တွေကို Ubuntu OS ပေါ်မှာ Download ပြုလုပ်ချင်သူတွေအနေနဲ့ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။  Ubuntu OS ပေါ်မှ Play Store ကို Download ပြုလုပ်လိုတယ် ဆိုရင် အောက်ဖော်ပြပါ အတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ထည့်သွင်းမယ့် Ubuntu OS ဟာ 14.04 သို့မဟုတ် 14.10 ဆိုပါက ndg-httpsclient ဆိုတာကို Install ပြုလုပ်ပြီး ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ndg-httpsclient ကို Run ဖို့အတွက်ဆိုရင် Terminal မှာ python-ndg-httpsclient ဆိုတာကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။
Play Store Downloader ကို Ubuntu OS မှာ ထည့်သွင်း အသုံးပြုဖို့အတွက်ဆိုရင် ပထမဆုံး Ubuntu OS System ရဲ့  Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl  +  Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။  ပြီးပြီ ဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေကို Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။
နောက်တစ်ဆင့်ကတော့ Play Store Downloader ကို Install  ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေက တော့-
sudo dpkg -i google
playdownloader_1.4-1_all.deb
sudo apt-get install -f
စတဲ့ Command တွေ ဖြစ်ပါတယ်။ ဒီအဆင့်တွေ ပြီးသွားပြီဆိုရင် Play Store Downloader ကို Ubuntu OS မှာ ထည့်သွင်းပြီးသွားပြီ ဖြစ်ပါတယ်။ အကယ်၍  Terminal ကနေ မထည့်သွင်းချင်ဘူးဆိုရင်တော့  link ဆိုတဲ့ လင့်ခ်ကနေ Play Store Downloader ကို Download ပြုလုပ်ပြီး ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

 ref...internetjournal.media

ဦးအာကာ  facebook ဦးအာကာ-အမေး-အဖြေ groupထဲ
Join Groupလုပ်ပေးပါအုံး



ဦးအာကာ(ACME MOBILE)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...