-->

Saturday 29 November 2014

Viber မှာ Public Chat ဆိုတာကို အသုံးပြုနည်း

Viber Official က ပို့ပေးထားတဲ့ မက်ဆေ့ခ်ျ
အသစ်လေးရောက်နေတာကို Viber သုံးသူတိုင်း တွေ့ကြရမှာပါ။
(ဒီနေရာမှာ မိမိနေထိုင်ရာ နိုင်ငံအလိုက် ပို့ပေးမှာဖြစ်ပါတယ်)
Public Chat ဆိုတာ သတင်းအချက်အလက်များကို
လူအများဆီသို့ လွယ်ကူလျင်မြန်စွာ ဖြန့်ချိပေးနိုင်မှာဖြစ်ပါတယ်။
Viber ရဲ့ ပြောရဲဆိုခွင့်ရှိသူပြောကြားချက်အရတော့
“ဆိုရှယ်မီဒီယာတစ်ခုအနေနဲ့ ဘယ်လိုလုပ်မလဲဆိုပြီး
စဉ်းစားတဲ့အခါမှာ Public Chat ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။
Public Chat သည် ကိုယ်ပိုင်အမည် တစ်ခုနှင့် စာမျက်နှာတစ်ခု
ထူထောင်နိုင်သည့် စနစ်တစ်ခုဖြစ်ပြီး အဆိုပါစာမျက်နှာကို Viber အသုံးပြုသူ
မည်သူ မဆို Follow ပြုလုပ်နိုင်သည်ဟု သိရသည်။
ဒီလောက်ဆိုရင် Viber Public Chat ဆိုတာ မိမိအတွက်
ဘယ်လောက်တန်ဖိုးရှိလာပြီဆိုတာသဘောပေါက်လောက်ပါပြီ။
အသုံးချတတ်သူတစ်ယောက်သာဖြစ်ဖိုလိုပါတယ်။ ကောင်းသောအလုပ်နဲ့
လူသားအကျိုးပြု စာမျက်နှာဖွင့်နိုင်ကြပါစေခင်ဗျား။
လုပ်နည်းမသိသေးရင် အောက်မှာ ကျနော် ပုံလေးနဲတစ်ကွ
ရှင်းပြထားပါတယ်။
ပုံနှင့်တကွရှင်းပြထားသည့် PDF ဖိုင်အား ရယူရန် >

Credit > ဇူးနစ် (နည်းပညာ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...