-->

Wednesday, 19 November 2014

iPhone နဲ့ iPad မှာ အသံထွက်ပြီးစာဖတ်ပြအောင်လုပ်ဆောင်ခြင်း




စာအုပ်တွေ၊ Web page တွေကို iPhone,iPad တို့မှာဖတ်ရှုရာမှာ အသံဖြင့်နားထောင်လိုပါက အောက်ပါအတိုင်းလုပ်ဆောင်နိုင်ပါတယ်။
Settings > General > Accessibility > Speech သို့သွားပြီး Speak Selection ကို enable လုပ်လိုက်ပါ။ ပြီးလျှင် မိမိတို့နားထောင်လိုသည့် စာများကို select လုပ်လိုက်ပါက Speak option ပေါ်လာပါလိမ့်မည်။
Siri မှလည်း "Speak screen" လို့ပြောဆိုပြီးလွယ်ကူစွာ ခေါ်ယူသုံးစွဲနိုင်မှာဖြစ်ပါတယ်။
ဖတ်ပြမည့်လူအသံကိုလည်း မိမိတို့စိတ်ကြိုက်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။သဘာဝကျသော အသံကတော့ Alex ရဲ့အသံဖြစ်ပါတယ်။ Alex ရဲ့ အသံကို ထည့်သွင်းရန်
Settings > General > Accessibility > Speech > Voices သို့သွားပြီး Alex ကို တို့ထိလိုက်ပါ သူ့ရဲ့အသံက သင့်ရဲ့ device ပေါ်သို့ download ချသွားပါလိမ့်မည်။
အင်္ဂလိပ်စာ လေယူလေသိမ်းမျိုးစုံကိုပြောင်းလဲနိုင်မှာဖြစ်ပြီး မိမိတို့ နားထောင်ရအဆင်ပြေမည့်အသံကို ချိန်ညှိထားနိုင်ပါတယ်။
Speech Screen က မျက်နှာပြင်တစ်ခုစာသာဖတ်ပြမှာဖြစ်သောကြောင့် စာအုပ်များကဲ့သို့ ရှည်လျားသော စာများကို နားထောင်လိုပါက iBook ရဲ့ ထိပ်ညာဖက်မှာရှိသော font sizer(aA) ကိုတို့ထိကာ Scrolling View ကိုရွေးချယ်ပေးထားဖို့လိုအပ်မှာဖြစ်ပါတယ်။
Nyein Chan(Online Editor)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...