-->

Wednesday, 1 October 2014

Windows 8 မှ Ubuntu OS ကို Uninstall ပြုလုပ်ခြင်း

အကြောင်းအမျိုးမျိုးကြောင့် Windows 8 ပေါ်မှ Ubuntu OS ကိုပြန်လည်ပြီး ဖယ်ရှားချင်သူတွေ အနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းကို အသုံးပြုပြီး အလွယ်တကူနဲ့ ပယ်ဖျက်နိုင်ပါတယ်။ Ubuntu OS အသုံးပြုသူတွေ အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် Windows 8 နှင့် တွဲဖက်ပြီး Ubuntu OS ကို အသုံးမပြုချင်တော့ဘူးဆိုရင် အလွယ်တကူနဲ့ ဖြုတ်ချနိုင်မှာ ဖြစ်ပါတယ်။
ယခင်က Ubuntu OS ကိုဖယ်ရှားဖို့ လုပ်ဆောင်တဲ့အခါမှာ Grub ပြသာနာများစွာနဲ့ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး Grub ပြသာနာတွေ မကြုံတွေ့နိုင်စေဖို့ အတွက် ပထမဆုံး Windows 8 အသုံးပြုထားတဲ့ Operating System ကို ဖွင့်ရမှာ ဖြစ်ပါတယ်။ Windows 8 အသုံးပြုထားတဲ့ Operating System ဖွင့်ပြီးပြီဆိုရင် သတ်မှတ်ထားတဲ့ အတိုင်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
ပထမဆုံး Run Box ကို ခေါ်ဖို့အတွက် Win + R ကို နှိပ်ရမှာ ဖြစ်ပါတယ်။ နှိပ်ပြီးသွားရင် Run Box ထဲမှာ diskmgmt.msc ဆိုတာကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့် အနေနဲ့ကတော့ Linux တင်ထားတဲ့ Partiton ကို Select ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Select ပြုလုပ်ပြီးတဲ့ Partiton ကို Right Click ပြုလုပ်ပြီး Delete Partiton ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ Delete ပြုလုပ်ပြီးသွားရင်တော့ ခုနက Delete ပြုလုပ်ထားတဲ့ Partition ကို Right Click ပြုလုပ်ပြီး New Simple Volume ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် ဖော်ပြထားတဲ့ အဆင့်အတိုင်း ဆက်လက် လုပ်ဆောင် သွားရ မှာ ဖြစ်ပါတယ်။
နောက်တစ်ဆင့်ကတော့ Windows 8 Installation Disk ကိုထည့်သွင်းပြီး Repair Your Computer ဆိုတာကို ရွေးချယ်ကာ Boot ကိုပြန်လည် ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Troubleshoot ဆိုတာကို ရွေးချယ်ပြီး Advanced Options, Command Prompt အစရှိတာတွေကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ Command Prompt ထဲမှာ fixmbr ဆိုတဲ့ Command ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Automatic Repair ဆိုတာကို ရွေးချယ်ပြီးပေးလိုက်ရင် Windows 8 ကနေ Ubuntu OS ကို Unistall ပြုလုပ်တဲ့အဆင့် ပြီးသွားပြီ ဖြစ်ပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...