-->

Monday 20 October 2014

Firefox Browser တွင် Video Chat ပြုလုပ်နိုင်သော Hello စွမ်းဆောင်ချက် ပါရှိလာ

Mozilla က Firefox Browser တွင် Video Chat ပြုလုပ်နိုင်သော Hello စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်ကြောင်း ကြေညာပါသည်။
အဆိုပါ နည်းပညာကို Firefox Beta Version တွင် စတင်ထည့်သွင်းပေးလိုက်ခြင်း ဖြစ်ပြီး Firefox အသုံးပြုသူ အချင်းချင်း Video နှင့် Audio Call များ ပြုလုပ်နိုင်မည် ဖြစ်သည်။ Mozilla က အဆိုပါ စွမ်းဆောင်ချက်ကို လာမည့် ရက်သတ္တပတ်များ အတွင်း တစ်ဖြည်းဖြည်း တည်ငြိမ်စေရန် ပြုလုပ်ပေးမည် ဖြစ်သည်။
Apple FaceTime, Google Hangouts, Microsoft Skype နှင့် အခြား ၀န်ဆောင်မှုများစွာကို အသုံးပြုရန် အကောင့် လိုအပ်ပါသည်။ Firefox Hello ကို အသုံးပြုရန် အကောင့် မလိုအပ်ဘဲ Video Chat ကို စတင်ပြုလုပ်သူသည် ၀က်ဆိုက်လိပ်စာကို သူငယ်ချင်းထံသို့ ပေးပို့ရန်သာ လိုအပ်ပါသည်။ ထို့အပြင် Hello ကို အသုံးပြုရန် Software နှင့် Plugin များကိုလည်း အင်စတော ပြုလုပ်ရန် မလိုဟု သိရပါသည်။
နောက်ပိုင်းတွင် Firefox, Opera, Chrome တို့ အပါအ၀င် WebRTC ကို Enable ပြုလုပ်နိုင်သော ဘရောက်စာ အားလုံးတွင် Hello ကို အသုံးပြုနိုင်ရန် ပြုလုပ်ပေးမည် ဖြစ်သည်။
Firefox Beta Version ကို အောက်ပါ လင့်မှ ရယူနိုင်ပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...