-->

Friday 24 October 2014

မိမိ Android Phone ကနေ Internet ကွန်နရှင်ကို PC နဲ့ချိတ်ဆက်ပြီးကွန်ပြူ တာမှာအသုံးပြုချင်သူတွေအတွက်ပါ





1. အရင်ဆုံး Mobile Phone Setting ထဲမှာ Data Access ဖြစ်ဖို့အတွက် Menu -> Settings -> Wireless & Networks -> Mobile Networks –> Data Enablebox မှာအမှန်ချစ်ထည့်ပေးပါ။

2. Dual Sim သုံးသူတွေအတွက် Sim1 OR Sim2 ကိုအရင်ရွေးချယ်ပြီးပြထားတဲ့အတိုင်း Mobile Data Access လုပ်ပါ။

3. ဖုန်းနဲ့ PC ချိတ်ဆက်ဖို့အတွက် USB Tethering ဖွင့်ဖို့လိုပါတယ်။ဒါကြောင့် Settings -> Wireless & Networks -> Tap On Tethering & portable Hotspot and “USB Tethering“ ကိုအမှန်ချစ်လုပ်ပေးပါ။

4. ပြီးရင်သူ့အောက်မှာရှိနေတဲ့ Settings -> Wireless & Networks ->Tethering & Portable Hotspot ->Portable Wi-Fi Hotspot Settings -> Tap OnConfigure Wi-Fi hotspot ကို
နှိပ်လိုက်ပါ။

5.အောက်မှာပြထားတဲ့အတိုင်း Name နှင့် NetWork SSIDမှာနာမည်ထည့်ြ

ပီး Security မှာ WPA2 PSK ထားပါ ။ပြီးရင်Password နံပါတ်အနည်းဆုံး 8 လုံးလောက်ထားပြီး Save လိုက်ပါ။

6. ပြီးရင်မိမိအသုံးပြုတော့မယ်ဆိုရင် settings -> Wireless & Networks ->Tap on Tethering & portable Hotspot မှာ “Portable Wi-Fi Hotspot“ ဆိုတာကို Check လုပ်လိုက်ပါ။အောက်မှာ
ပုံပြထားပါတယ်။

7. မိမိဖုန်းမှာ data connection တော့ဖွင့်ထားရပါမယ်။ပြီးရင် USB ကြိုးကိုမိမိကွန်ပြူတာနဲ့ချိတ်ဆက်ပြီး
အသုံးပြုနိုင်ပါပြီ။မိမိကိုင်ဆောင်သောဖုန်းအမျိုးအစားရဲ့ Driver ကိုတော့မိမိကွန်ပြူတာမှာအင်စတော
လုပ်ထားရပါမယ်။Windows 7/8 အသုံးပြုသူတွေအတွက်ညာဘက်ထောက်အောက်မှာ Wifi icon လေးကို
နှိပ်ပြီးခုကပေးထားတဲ့မိမိ Wifi ပတ်စဝေါ့ကိုရိုက်ထည့်ပြီးအသုံးပြုနိုင်ပါတယ်။Windows XP သမားတွေ
အတွက်ကတော့တိုက်ရိုက်အသုံးပြုရုံပါပဲ။

အားလုံးပဲအဆင်ပြေကြပါစေ.

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...