-->

Monday 20 October 2014

One Click to Root For Version 4.2.2,4.3, 4.4.2

ကျနော့်ကို တော်တော်အမေးအများဆုံးတစ်ခုကတော့ မင်း ဖုန်းတွေကို ဘယ်လို Root လုပ်သလဲ။ ဒီမေးခွန်းနေ့စဉ်လိုလိုမေးနေကြလို့ အားလုံးလဲအဆင်ပြေသွားအောင် ကျနော် တင်ပေးလိုက်ပါတယ်။ သင်တန်းတက်ပြီး ကျွမ်းကျင်လာခဲ့တာတော့မဟုတ်ရပါ ကလစ်ကြည့်ရင်းကနေ လုပ်သက်ရလာတာပါ။ ကျနော် အခုနောက်ပိုင်း သတိထားမိတာလေးတစ်ခုကတော့ ဖုန်းကအစစ်မဟုတ်ဖူး တရုတ် Handset တွေလို ထိုင်းဖုန်းတွေလိုဟာမျိုးတွေက သူတို့ရဲ့ ဖုန်းတွေကို လူကြိုက်များအောင် ထုတ်ကုန်တွေမှာ Firmware တွေကို Galaxy S5 ရဲ့ Firmware ပုံစံမျိုးတင်ပြီး ရောင်းအားကောင်းနေတာကိုတွေ့မိတယ်။ ထိုင်းဘက်မှာဆိုရင်တော့ များလာတယ်လို့တယ် အသစ်အသစ်ထပ်ထွက်လာရင် မော်ဒယ်အဟောင်းတွေက သူခိုးဈေးကိုရောက်ကုန်တယ်။ ပစ္စည်းကအစစ်ဆိုရင်တော့ သူခိုးဈေးမှာလည်း ဈေးကသိပ်တော့ မထူးသေးဘူး။ အခုနားကကျနော်ပြောခဲ့တဲ့ တရုတ်၊ ထိုင်းဝမ်၊ ဖုန်းတွေက ဈေးပေါ့ပေါ့နဲ့ အသုံးပြုလို့ရမယ့် စမတ်ဖုန်းတွေကို အရမ်းထုတ်လာတော့တာပါ။ ဈေးပေါ့တော့ အ၀ယ်များတယ် ဒီအထဲကျနော်တော့အပါအ၀င်ပေါ့။ သုံးလို့ဘယ်လောက်ကောင်းကောင်း ကိုယ်တို့ကမြန်မာဆိုတော့ ဖုန်းထဲမှာ သတင်း ဖတ်တာ YouTube မှာ မြန်မာလို ရိုက်ရှာပြီး သီချင်းတွေနားထောင်ချင်တာ အထူးသဖြင့် Facebook မှာ မြန်မာစာမြင်ရဖို့ကအဓိကဖြစ်နေတာပါ။  ဒါပေမယ့်သူတို့ရဲ့ဖုန်းတိုင်းမှာလိုလို အခုက ဗမာ (မြန်မာ) စသည့်ဖြင့် ပါလာပေမယ့် မြန်မာစာက မမှန်သေးပါဖူး Smart Zawgyi ကို ထည့်သုံးကြည့်ပေမယ့် ဖုန်းအစစ်တွေအတွက် အဆင်ပြေပေမယ့် အတုတွေကတော့ ဘယ်လိုမှအဆင်မပြေသေးပါဖူး။ ဆို Root ရတော့တာပါပဲ။ ဖုန်းကသာ ဈေးပေါ့တာနော် Version ကတော့ 4.4.2 တွေချည်းပဲ။ ဒီ 4.4.2 Version ထွက်လာပြီးနောက်ပိုင်း Root လုပ်ရတာ သိပ်တော့ အလွယ်ကြီးမဟုတ်တော့တာ သတိထားမိတယ်။ ဒါပေမယ့် ရောဂါရှိတော့လည်း ဆေးရှိပြီးသားပါ။ ကျနော် ဒါလေးကိုပြောချင်တာပါ။ ကဲဗျာ ကျနော်ကတော့ ဘယ်ဖုန်းပဲဖြစ်ဖြစ် အခုကျနော် အသုံးပြုနေတဲ့ Root tool တွေကို ပေးချင်ပါတယ်။ Android Version 4.2.2, 4.2.3, 4.3, အထိ ကျနော်ကတော့ Root master Vroot နောက်ဆုံးထွက်နဲ့ ဒုန်းလိုက်တာပါပဲ။ Vroot ကအခုချိန်ထိတော့ Version 4.3 အထိ အဆင်ပြေပါတယ်။ မြန်လည်းမြန်ပါတယ်။ ကဲနောက်ဆုံးထွက် Version 4.4.2 တွေအတွက် ကျနော်ကိုယ်တိုင်စမ်းကြည့်ထားတာ ၆ လုံးတောင်ရှိပါပြီး ဘာ Error မှမတက်ပါဖူး လုံးဝအဆင်ပြေပါတယ် အာမခံပါတယ်။ (4.4.စသည့် Galaxy S5, Note 3, 4 အတွက်တော့ ကျနော် မစမ်းဖြစ်သေးပါ) ဒီလောက်ဆိုရင် မေးမေးနေကြတဲ့ ဘော်ဘော်ဒါတွေ နားလည်လောက်ပြီလို့ထင်ပါတယ်။ Tutorial နဲ့ ဘယ်လို Root ဖောက်ရမယ်ဆိုတာကိုတော့ ကျနော် ဒီပိုစ့်မှာ မရေးသေးပါ။ Videos လုပ်ထားတာလေး ပျက်သွားတာနဲ့ ထပ်လုပ်နေတုန်းမို့ အဆင်ပြေတဲ့တစ်နေ့ ထပ်တင်ပေးသွားမှာပါ။ Android Version 4.2.2 ကနေ 4.4.2 အထိ Root လုပ်လိုသူတွေကတော့ Root tool တွေကို အောက်ကလင့်တွေမှာ ဒေါင်းနိုင်ပါပြီ။

Version 4.3 ထိ Root နိုင်တဲ့ Tool



Version 4.3 အထက် 4.4.2 အထိ Root နိုင်တဲ့ Tool

Kingo Root V+1.2.5 Final


အဆင်ပြေပါစေ

www.zunite.org

ဇူးနစ်(နည်းပညာ)

2 comments:

Related Posts Plugin for WordPress, Blogger...