-->

Wednesday 1 October 2014

Android Device ကို Mobile Data အသုံးပြုရန် မလိုဘဲနဲ့ ခရီးသွား လမ်းညွှန်အဖြစ် အသုံးပြုနည်း

ခရီးသွားတဲ့အခါမှာ မြေပုံစာရွက်တွေ၊ သတင်းအချက်အလက်တွေ Update မဖြစ်တော့တဲ့ ခရီးသွား လမ်းညွှန်စာရွက်တွေနဲ့ ထူထဲတဲ့ Dictionary တွေကို အိမ်မှာ ထားခဲ့နိုင်ပါပြီ။ အဲဒီအစား လိုအပ်တာက Android Smartphone တစ်လုံးပါပဲ။ အခမဲ့ Apps များနဲ့ Android ရဲ့ စွမ်းဆောင်ချက်တွေကို အသုံးပြုပြီး စမတ်ဖုန်းကို ခရီးသွားလမ်းညွှန်အဖြစ် အသုံးပြုနိုင်ပါတယ်။ အောက်မှာ ဖော်ပြမယ့် နည်းများက စမတ်ဖုန်းရဲ့ Mobile Data ကိုတောင် အသုံးပြုစရာ မလိုတဲ့ အတွက် ငွေကုန်ကြေးကျ သက်သာစေမှာပါ။
Offline Translation, Voice Recognition and Speech
-------------------------------------------------------------------
Google Translate ကို အခုဆိုရင် Offline အသုံးပြုနိုင်ပါပြီ။ ဘာသာစကား တစ်ခုကနေ တစ်ခုကို စကားလုံးနဲ့ စကားစုများ ဘာသာပြန်ဖို့ Google Translate App မှာ Dictionary တွေကို ဒေါင်းလုပ် ပြုလုပ်နိုင်ပါတယ်။
Android 4.2 မှာ Offline Speech-to-Text နဲ့ Text-to-Speech ပါရှိပါတယ်။ သင့်မှာ Android 4.2 နဲ့ သူ့အထက် စမတ်ဖုန်းရှိရင် Offline အသုံးပြုဖို့အတွက် ဘာသာစကားတွေကို ဒေါင်းလုပ် ပြုလုပ်နိုင်ပါတယ်။ ဒီစွမ်းဆောင်ချက်ကို အသုံးပြုရင် အသံနဲ့ စကားလုံးများ ပြောပြလိုက်တာနဲ့ Google Translate ကနေ ဘာသာပြန်ပေးမှာပါ။ ဒါ့အပြင် နိုင်ငံခြား ဘာသာစကား တစ်ခုကို သင့်ဖုန်းက အသံထွက်ပြောပြနိုင်ပါတယ်။ အားလုံးဟာ Offline အလုပ်လုပ်ပါတယ်။
ဒီလိုလုပ်ဖို့အတွက် Android အတွက် တရားဝင် Google Translate App ကို ဒေါင်းလုပ် ပြုလုပ်ပါ။ App ကိုဖွင့်ပြီး Offline Languages ကိုရွေးပါ။ Offline အသုံးပြုချင်တဲ့ ဘာသာစကားကို ဒေါင်းလုပ် ပြုလုပ်ပါ။ ဒါဆိုရင် Google Translate App က Offline ဖြစ်နေရင်တောင် ဒေါင်းလုပ် ပြုလုပ်ထားတဲ့ ဘာသာစကားများအတွက် ဘာသာပြန်ပေးမှာပါ။

Android 4.2 နဲ့ သူ့အထက်မှာ ဆိုရင် Offline Voice Support ကို အင်စတော လုပ်ရမှာပါ။ ဒီလိုလုပ်ဖို့ Settings ထဲသွားပြီး Language & Input ကိုနှိပ်ပါ။ Google Voice Typing ရဲ့ ညာဘက်ဘေးမှ Settings ခလုတ်ကို နှိပ်ပါ။

Download Offline Speech Recognition ကို နှိပ်ပြီး Offline အသုံးပြုချင်တဲ့ ဘာသာစကားများကို ဒေါင်းလုပ် ပြုလုပ်ပါ။ ဒါဆိုရင် ဖုန်းမှာ ဒေါင်းလုပ်ပြုလုပ်ထားတဲ့ ဘာသာစကားများဖြင့် အသံနဲ့ ပြောပြနိုင်သလို Google Translate App အပါအ၀င် App အားလုံးကနေ ဖုန်းက အသံထွက်ပြောပြပေးနိုင်ပါတယ်။
Offline Maps
-----------------
Android အတွက် Google Maps မှာ Offline ကို အထောက်အပံ့ပေးပါတယ်။ မြေပုံများကို Offline ကြည့်ဖို့ ဒေါင်းလုပ် ပြုလုပ်နိုင်ပါတယ်။ ဒေါင်းလုပ် ပြုလုပ်ထားတဲ့ မြေပုံထဲမှာ ရောက်နေတယ်ဆိုရင် သင့်ရဲ့ တည်နေရာကို သိဖို့ GPS ကို သုံးနိုင်ပါတယ်။ မြေပုံစာရွက်များကို အသုံးပြုဖို့ မလိုတော့ပါဘူး။
Google Maps က Offline Navigation ကို အထောက်အပံ့ မပေးတဲ့ အတွက် တည်နေရာ လမ်းညွှန်ချက်များကိုတော့ ကြည့်လို့ မရပါဘူး။ ဒါပေမယ့် သင်ဘယ်နေရာမှာ ရောက်နေတယ်ဆိုတာကိုတော့ ကြည့်နိုင်ပါတယ်။ ၀ိုင်ဖိုင် ဆက်သွယ်မှု ရနေတဲ့ အချိန်မှာ တည်နေရာ လမ်းညွှန်မှုများကို တောင်းဆိုပြီး Offline ဖြစ်သွားတဲ့ အချိန်မှာတောင် အဲဒီ တည်နေရာ လမ်းညွှန်မှုများကို ဆက်လက် ကြည့်နိုင်ပါတယ်။ ၀ိုင်ဖိုင်ဆက်သွယ်မှု ရှိနေတဲ့ အချိန်မှာ တည်နေရာ လမ်းညွှန်ချက်များကို ရှာဖွေထားရင် အဆင်ပြေစေမှာပါ။
Offline အသုံးပြုဖို့အတွက် မြေပုံများကို ဒီနည်းနဲ့ ဒေါင်းလုပ် ပြုလုပ်ပါ။ Google Maps ကိုဖွင့်ပြီး Menu ခလုတ်ကို နှိပ်ပါ။ Make Available Offline ကိုနှိပ်ပါ။ ဒေါင်းလုပ် ပြုလုပ်ချင်တဲ့ မြေပုံဧရိယာကို သတ်မှတ်ပါ။

သင် ဒေါင်းလုပ် ပြုလုပ်ထားတဲ့ Offline Maps များကို My Places အောက်မှာ စီမံခန့်ခွဲနိုင်ပါတယ်။ Offline Maps များကို Offline ကဏ္ဍမှာ ပြသပေးထားပါတယ်။
Travel Guides
--------------------
အင်တာနက် မပေါ်ခင်ကတော့ ခရီးသွား လမ်းညွှန် စာရွက်များကို လူတွေက ၀ယ်ယူအသုံးပြုကြပါတယ်။ အဲဒီ ခရီးသွား လမ်းညွှန်များမှာ မြေပုံများ၊ စိတ်ဝင်စားဖွယ် အထင်ကရ နေရာများနဲ့ ခရီးသွားများအတွက် နေရာဒေသတစ်ခုရဲ့ သတင်းအချက်အလက်များပါရှိပါတယ်။ အင်တာနက် ရှိရင် အဲဒီ ခရီးသွား လမ်းညွှန်တွေဟာ မလိုအပ်တော့ပါဘူး။ Offline အသုံးပြုချင်ရင်ဘယ်လို လုပ်မလဲ?
အဖွဲ့အစည်း များစွာက Android အတွက် ခရီးသွား လမ်းညွှန် App များကို အခမဲ့ ပြုလုပ်ပေးထားပါတယ်။ အဲဒီထဲက TripAdvisor ရဲ့ App များကတော့ အကောင်းဆုံးပါ။ TripAdvisor က New York, Paris, Rome, London နဲ့ အခြား နိုင်ငံများစွာ အတွက် ခရီးသွား လမ်းညွှန်ချက်များကို ပံ့ပိုးပေးထားပါတယ်။ TripAdvisor ရဲ့ App တစ်ခုကို အင်စတော လုပ်ရင် စားသောက်ဆိုင်များနဲ့ အထင်ကရနေရာများ ရှာဖွေတာ၊ Offline Review များ ဖတ်ရှုတာနဲ့ သင့်ဖုန်းရဲ့ GPS ကို အသုံးပြုပြီး တည်နေရာများကို ညွှန်ပြတာ စတဲ့ Offline စွမ်းဆောင်ချက်များကို အသုံးပြုနိုင်ပါတယ်။ အနီးအနားမှ ဘူတာရုံများနဲ့ ATM စက်များရဲ့ တည်နေရာကို သိနိုင်သလို မြေပုံကိုတောင် Offline သုံးနိုင်ပါတယ်။ Google Map ကို သီးခြား သုံးစရာ မလိုတော့ဘူးပေါ့။
TripAdvisor ရဲ့ ခရီးသွား လမ်းညွှန် App တစ်ခုကို Google Play ကနေ ဒေါင်းလုပ် ပြုလုပ်ပါ။ App ကိုဖွင့်ပြီး သတင်းအချက်အလက်များကို Offline အသုံးပြုနိုင်အောင် ဒေါင်းလုပ် ပြုလုပ်ပါ။
WiFi Hotspots များကို ရှာဖွေခြင်း။
-----------------------------------------
Offline Apps များဟာ ကောင်းမွန်ပေမယ့် သင်ဟာ ရံဖန်ရံခါမှာတော့ အွန်လိုင်း တက်ပြီး သတင်းအချက်အလက်တွေ ရှာဖွေချင်မှာပါ။ အဲဒီအတွက် WiFi Hotspot ကို ရှာဖွေဖို့ လိုအပ်ပါတယ်။ WiFi Hotspot များဟာ နေရာတိုင်း မရှိတဲ့အတွက် ရှာဖွေရတာ ခက်ခဲပါတယ်။ JiWire ရဲ့ WiFi Finder ဟာ အခမဲ့ App ဖြစ်ပြီး WiFi Hotspot များကို ဒေါင်းလုပ် ပြုလုပ်ပေးနိုင်ပါတယ်။ ပြီးရင်တော့ App ကိုဖွင့်ပြီး WiFi Hotspot များရှိရာကို သွားနိုင်ပါပြီ။
App ကို ဖွင့်ပြီး Menu ခလုတ်ကို နှိပ်ပါ။ Download Database ကိုနှိပ်ပြီး WiFi Hotspot များရဲ့ သတင်းအချက်အလက်များကို ဒေါင်းလုပ် ပြုလုပ်ပါ။

ပြီးရင်တော့ အနီးအနားမှ WiFi Hotspot များကို မြေပုံမှာ သိနိုင်ပါပြီ။

More Apps
---------------
Offline အသုံးပြုချင်တဲ့ အခြား အရာများအတွက် Apps များစွာ Google Play မှာ ရှိပါသေးတယ်။ Unit နဲ့ Currency များကို Offline ပြောင်းလဲပေးနိုင်တဲ့ Apps များ နဲ့ မြို့တစ်မြို့ရဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို Offline ပြသပေးတဲ့ Map App များ စတာတွေပါ။ ကားမောင်းပြီး ခရီးသွား မယ်ဆိုရင်တော့ Offline Navigation များကို ပြသပေးနိုင်တဲ့ OsmAnd App ကို အခမဲ့ အသုံးပြုနိုင်ပါတယ်။
ခရီးသွားလာရာမှာ သင့်ရဲ့ Mobile Data ကို လျှော့ချချင်လို့ပဲဖြစ်ဖြစ်၊ Mobile Data လုံးဝ အသုံးမပြုဘဲ ငွေကြေး ချွေတာချင်လို့ပဲဖြစ်ဖြစ် အပေါ်မှာ ဖော်ပြထားတဲ့ Apps များနဲ့ Android မှာ နဂိုပါတဲ့ စွမ်းဆောင်ချက်များက အသုံးဝင်မှာ ဖြစ်ပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...