-->

Thursday 21 August 2014

HTC Evo 4G myanmar font (မြန်မာဖောင့်) vs HTC Evo 4G (Sprint) Firmware install / Custom ROM

ဒီနည်းကိုတော့ MMAS ကနေတွေ့ ခဲ့တာပါ .. 

HTC ဖုန်းတွေဟာ Fontchanger တွေ သုံးပြီး ZawGyi သွင်းလို့ အဆင်မပြေကြပါဘူး .. သူ့ အတွက် အဆင်အပြေဆုံးကတော့ Recovery ကနေ zip နဲ့ မြန်မာ Font ထည့်တာပါပဲ .. 
ဒီကနေ Font Zip ကို Download ပါ .. 
HTC Font Zip
ရလာရင် SD Card ထဲထည့်ပြီး ဖုန်းကို ပိတ်ပါ .. Volume Down + Power ကိုနှိပ်ပြီး ဖုန်းကို ပြန်ဖွင့်ပါ .. Bootloader ကိုရောက်ရင် အောက်တစ်ကြောင်းဆင်းပြီး Recovery ထဲဝင်ပါ .. flash zip from SD Card/ install zip from sdcard ကိုရွေးပါ .. Choose Zip လုပ်ပြီး စောစောကထည့်ထားတဲ့ Zip File ကိုရွေးပြီး Power တစ်ချက်နှိပ် Confirm လုပ်ပေးလိုက်ပါ .. Finish ပြီဆိုရင် တော့ Reboot လုပ်ပြီး keyboard apk install လုပ်ပြီး myanmar font ကို ရေးနိုင် ဖတ်နိုင်ပါပြီ. .. (Recovery မတက်လာလျှင် အောက်ကိုကြည့်ပြီး Recovery Img တင်လိုက်ပါ )



HTC Evo 4G (Sprint) Firmware install / Custom ROM ပြန်တင်မယ် 

 

 HTC ဟာနည်းနည်းလေးတိုင်ပတ်တတ်တဲ့ ဖုန်းပါ .. အခုလဲ Firmware ပြန်တင်တဲ့ အခါ သူ့  Official Site ကပေးထားတဲ့ RUU exe နဲ့ အဆင်မပြေပါဘူး .. Error ပဲတက်နေတော့ Recovery Mode ကနေ Firmware ကို zip file နဲ့ ပြန်တင်ပါမယ် .. လိုအပ်တာတွေကတော့ ..
သင့်ဖုန်းကို Power ပိတ်ပြီး Volume Down + Power နှိပ်ပါ .. အပေါ်ဆုံးအကြောင်း ရဲ့ ညာဘက်အစွန်မှာ S-Off ဆိုတာကို တွေ့ မှအောက်ပါအတိုင်းဆက်လုပ်ပါ .. S-On ဖြစ်နေရင် ဒီနည်းနဲ့ အဆင်ပြေမှာ မဟုတ်ပါဘူး ..
လိုအပ်တာတွေကို အရင် Download ဆွဲပါ ..
Firmware Download
(Download Now ဆိုတာအောက်က အသေးလေးကိုနှိပ်ဆွဲပါ)
Recovery Zip
ဒီနှစ်ခုရလာပြီဆိုရင် SD Card ကို Card Reader နဲ့ ဒါမှမဟုတ် တစ်ခြား ဖုန်းနဲ့ တွဲပြီး SD Card ထဲကို Recovery Zip ကနေ Down လို့ ရလာတဲ့ Zip File ကို အောက်က နာမည်ပြောင်းပေးပြီး ထည့်ပေးပါ .. PJ75IMG.zip (Extension က zip , နာမည်က PJ75IMG ပါ လွဲလို့ မရပါ)
..နောက် Firmware ကရလာတဲ့ Zip File ကိုတော့ ဘာမှပြောင်းစရာမလိုပဲ ဒီအတိုင်း SD Card ထဲထည့်လိုက်ပါ .. 
.ပြီးရင် HTC SD Card ကို ဖုန်းထဲပြန်ထည့်ပြီး Volume Down + Power နဲ့ Bootloader ကိုဝင်ပြီး ၁၀ စက္ကန့် လောက်စောင့်ပါ .. Auto Update တွေလုပ်ပြီးသွားရင် Recovery ထဲကို Volume Down တစ်ချက်နှိပ်ပြီးရွေးဝင်လိုက်ပါ .. ဒါဆိုရင်တော့ flash zip from sdcard ဆိုတာကို တွေ့ ပါမယ် ၀င်လိုက်ပါ . Choose zip လုပ်ပါ .. ဒေါင်းလို့ ရလာတဲ့ SD Card ထဲက strike-supersonic_v1.0.3.zip ကိုရွေးပေးလိုက်ပါ .. Power တစ်ချက်နှိပ်ပြီး Confirm လုပ်ပေးလိုက်ရင် ၄ - ၅ မိနစ်လောက်ကြာရင် ပြီးသွားပါမယ် .. Finish ဆိုရင် Reboot လုပ်ပြီး ဒီအတိုင်းတက်လာတဲ့ အခါ logo ကို ခဏစောင့်ပေးပါ .. သိပ်မကြာခင်မှာတော့ သင့်ဖုန်းထဲကို 4.0.4 ICS ROM တင်ပြီးသားဖြစ်နေပါမယ်. .. 
Dialer နဲ့  Contact ဟာ App ထဲမှာရှိပါတယ် . ပျောက်နေမှာစိုးလို့ ပါ ..  အဆင်ပြေကြပါစေ ..

 

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ကျေးဇူးတင်ပါတယ်...................ထင်ရှားအောင်(kyauk phyu thar)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...