-->

Thursday 28 August 2014

Android Application များရေးသားနည်း ( အပိုင်း ၁)

Android app ရေးဖို့အတွက် Android ကနေတရားဝင်ထုတ်ဝေထားတဲ့ ADT Bundles ဆိုတဲ့ Tool ကိုသုံးပြီး Android app တွေဖန်တီးကြည့်ကြမယ်။ ဒီနေ့ကစပြီးသင်သွားမယ့် သင်ခန်းစာအပိုင်းဆက်များမှာ Programming Knowledge မရှိသေးသူတွေပါ အဆင်ပြေအောင် လွယ်ကူမယ့်အသုံးအနှုန်း ၊ လွယ်ကူတဲ့ပုံစံမျိုးနဲ့ပဲ သင်ကြား ရှင်းလင်းပေးပါမယ်။ Android App ရေးလို့ရတဲ့နည်းတွေကတော့အများကြီးရှိပေမယ့် ADT Bundles ကိုအသုံးပြုရေးတာကတော့အကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုတော့ Google က Android API အသစ်အသစ်တွေအတွက် Coding အသစ်တွေပေးတဲ့အခါ Java Code အနေနဲ့ပဲ ပေးပါတယ်။ နောက်ပြီး Android OS ကိုယ်တိုင်က Java အခြေခံဖြစ်တဲ့အတွက် Java Language ကိုအသုံးပြုရေးရတဲ့ ADT Bundles ကို Developer အများစုက recommend လုပ်ကြပါတယ်။ C# နဲ့လည်း Android app ရေးသားနိုင်ပါတယ်။ Xamarin ဆိုတဲ့ Tool ကတော့ Android ကို C# platform နဲ့ရေးသားလို့ရတဲ့ tool ဖြစ်ပြီးနာမည်ကြီးပါတယ်။ ဒါပေမယ့် Android Dev အများစု recommend လုပ်တဲ့ ADT Bundles ကိုပဲကျွမ်းကျင်ပိုင်နိုင်အောင်လေ့လာစေချင်ပါတယ်။
ADT Bundles ဆိုတာကတော့ Android Developer Tool ပေါ့နော်။ Google နဲ့ Eclipse လို့ခေါ်တဲ့ Company ၂ ခုပေါင်းပြီး ထုတ်ဝေထားတာပါ။ ဒီကောင်ရဲ့ ဖိုင်ဆိုဒ်ကတော့ 400 MB လောက်ရှိပါတယ်။ အောက်က link မှာ အရင်ရယူလိုက်ပါ။

http://developer.android.com/sdk/index.htmlကွန်ပျူတာမှာ Java Run Time (JRE) လည်းသွင်းထားဖို့လိုပါတယ်။ JRE မသွင်းရသေးဘူးဆိုရင် www.filehippo.com မှာ ရှာပြီး download ရယူနိုင်ပါတယ်။

ADT Bundles ဆိုတာမပေါ်ခင်တုန်းက Eclipse ဆိုတာနဲ့ Android app တွေကိုရေးခဲ့ကြတယ်။ ဒါပေမယ့် Eclipse နဲ့ရေးမယ်ဆိုရင် Eclipse ကို download လုပ် ၊ ပြီးရင် Android SDK တွေထပ်ပြီး download လုပ်ရနဲ့ အရမ်းအလုပ်ရှုပ်ပါတယ်။ ၂၀၁၂ ခုနှစ်လောက်မှာ ADT Bundles ထွက်လာပြီး အဲဒီနောက်ပိုင်း Android app ရေးရတာ တော်တော်လေးလွယ်ကူအဆင်ပြေသွားပါတယ်။ ADT Bundles ကိုဒေါင်းလိုက်တာနဲ့ Android SDK ရော ၊ eclipse ရောတစ်ခါတည်းတွဲပါပြီးသားမို့ပါ။ ထပ်ပြီး additional ထပ်ဒေါင်းစရာမလိုတော့ဘဲ ADT Bundles တစ်ဖိုင်ဒေါင်းပြီးတာနဲ့ Android App စတင်ရေးသားနိုင်ပါပြီ။

ကဲ .... အခု အပေါ်မှာတုန်းက ရယူခဲ့တဲ့ ADT Bundles ဇစ်ဖိုင်ထဲမှာပါတဲ့ ADT... folder ကိုထုတ်ပြီး ကွန်ပျူတာရဲ့ Local Disk (C:\) အောက်မှာသွားထည့်ထားပါ။ ဒါဆိုရင် Development Tool ကို Setup လုပ်တဲ့အဆင့်ပြီးပါပြီ။ ဒီ ADT Bundles က install လုပ်စရာမလိုပါဘူး ။ သူ့ကို Local Disk (C:\) အောက်မှာထည့်ထားပေးရုံပါပဲ။

-----------------------------------------------------

နောက်ရက်မှာ ဆက်ပါဦးမည်။

သက်နိုင်စိုး ( Myanmar Mobile App Store)
https://www.facebook.com/thetnaing.mmas?ref=tn_tnmn

ယူချင်ရင် ဒီလင်းမှာ http://developer.android.com/sdk/index.html

နောက်လင်း http://developer.android.com/
 — with Satanlay Satanlay and 4 others.                 


ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ 
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ကျေးဇူးတင်ပါတယ်...................ထင်ရှားအောင်(kyauk phyu thar)   

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...