-->

Saturday 28 February 2015

Samsung Galaxy Mega 2 SM-G750H အတွက် Root File

အားလုံးပဲမင်္ဂလာပါ။
ကျွန်တော် အခုလဲ Samsung Galaxy Mega 2 SM-G750H အတွက် Root file ရလို့မျှဝေပေးလိုက်ပါတယ်။
Root ဖောက်နည်းကတော့ Odin ကိုအသုံးပြုတော့ပဲ ပြုလုပ်သွားမှာပါ။ Odin ဆိုတာနဲ့ သိတဲ့သူအတော်လေးများပါတယ်။ ဒါပေမဲ့ မသိသေးတဲ့သူတွေအတွက်ပြန်ပြောပြသွားပေးပါမယ်။
အောက်ကလင့်မှာ လိုအပ်တဲ့ Root File တွေ Driver တွေကို ဒေါင်းကြပါ။
Samsung USB Driver ကိုဒေါင်းရန်

http://www.mediafire.com/…/a4hd8y0c1iakysk/Samsung-Usb-Driv…
ဒေါင်းပြီးရင် ဖုန်းအတွင်းပိုင်းကို ပြင်ဆင်စရာရှိတာပြင်ဆင်ကြရပါမယ်။
အရင်ဆုံးဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ data တွေကို backup ယူထားပါ။ Backup ယူထားတာ ကတော့အကောင်းဆုံးပါပဲ။ ဖုန်းရဲ့ဘက်ထရီကိုလည်း 60% လောက်အနည်းဆုံးထားပါ။ ပြီးလျှင် USB Debugging On ထားရပါမယ်။ USB Debugging On ဖို့အတွက် Settings >>> Developer Option >>>USB Debugging On ထားပါ။ USB Debugging လဲ On ထားပြီးပြီ၊ Backup လဲယူပြီးပြီဆိုရင် ဖုန်းကို ပိတ်လိုက်ပြီ ဘက်ထရီချွတ်ထားလိုက်ပါ။
ကျွန်တော်တို့ စောစောကဒေါင်းထားတဲ့ file ထဲမှာ Samsung USB Driver ကို install လုပ်ထားရပါမယ်။
ပြီးလျှင် root zip ဖိုင်ကိုလဲ extract လုပ်လိုက်ပါ။ Extract လုပ်လိုက်ရင် Root ဖိုင်နဲ့ Odin ဖိုင်ပါတွေ့ရပါလိမ့်မယ်။
အဲထဲကမှာ Odin file ကို run လိုက်ပါ။
Odin Run ပြီးသွားရင် ဖုန်းကို ဘက်ထရီပြန်တပ်ပြီး Download Mode ခေါ်ဖို့အတွက် Vol Down + Home + Power ကို 5 စက္ကန့်လောက်ဖိထားပါ။ Warning လို့ပေါ်လာရင် Vol Up ကို တစ်ချက်နှိပ်လိုက်ပါ။ ဒါဆို Download Mode ၀င်သွားပါပြီ၊ Download Mode ၀င်နေတဲ့ အခြေအနေနဲ့ ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ပေးလိုက်ပါ။
Odin ဖက်ကိုဆက်သွားကြမယ်။ ကျွန်တော်တို့ ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ပြီးတဲ့အချိန်မှာ ချိတ်ဆက်မှုအောင်မြင်မအောင်မြင်ကို သိရှိဖို့အတွက် Odin Screen ကို တစ်ချက်ကြည့်ပါ။ ဘယ်ဘက်အောက်နားက Message box မှာ Addess လိုပေါ်လာတာနဲ့ချိတ်ဆက်မှုအောင်မြင် သွားပါပြီ။ နောက်ထပ်သိရှိနိုင်တာက COM Port မှာ အပြာရောင်ပေါ်လာရင်လည်းအောင်မြင်ပါတယ်။
ဖိုင်တွေထည့်လို့ပြီးသွားရင် လုပ်ငန်းစဉ်စတင်နိုင်ဖို့အတွက် Start button ကိုစနှိပ်လိုက်ပါ။ ဒါဆိုစတင်နေပါပြီ…
ခဏတော့စောင့်ပါ။
Odin မှာ Pass ဖြစ်သွားရင်ဖုန်းက auto reboot ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင်တော့ Samsung Galaxy Mega2 SM-G750H ထဲမှာ SuperUser ပေါ်လာရင် အောင်မြင်စွာနဲ့ Root ဖောက်နိုင်ခဲ့ပါပြီ။
အားလုံးအဆင်ပြေကြပါစေ..
ကျေးဇူးအထူးတင်ရှိပါတယ်။
PDF file ဖြင့်ယူချင်သူများအတွက်
http://www.mediafire.com/…/e54…/Samsung_Galaxy_Mega_2_SM.pdf

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...