-->

Saturday 21 February 2015

iTunes ဗားရှင်းအားလုံး ကွန်ပျူ တာမှာ အလွယ်တကူ အင်စတောလုပ်နည်း

 မင်္ဂလာပါ
ဟိုတလောက ဘော်ဒါတစ်ယောက်
ကျနော်ဆီရောက်လာတယ် သူ့ iPad ထဲမှာ စာအုပ်တွေမရှိလို့
အဲဒါ ဘယ်လိုထည့်ရသလဲဆိုပြီး လာမေးပါတယ်။

ကျနော်က စာအုပ်တွေ၊ သီချင်းတွေ၊ ဗွီဒီယိုတွေကအစ၊
နောက်ဆုံး iPad တစ်ခုလုံးကို backup & Restore လုပ်နိုင်တဲ့
အပြင် iPad's Version ကိုပါ အလွယ်တကူ မြှင့်ယူနိုင်တဲ့
iTunes ဆော့ဝဲကို ကွန်ပျူ တာမှာ အင်စတောလုပ်ပြီး
ကိုယ့်ဖာသာ ကလစ်ကြည့်လိုက်လည်း ဆိုရော့

ကျနော် အဲဒီဟာကို ကွန်ပျူ တာမှာ အင်စတောမလုပ်တတ်ပါ
ဘူးတဲ့ နောက်အတူဆုံရင်တော့ လုပ်ပေးပါဦးနော်တဲ့....

အရမ်းလွယ်ပါတယ် အောက်မှာ ကျနော်ပုံလေးတွေနဲ့
ပြပေးထားပါတယ်၊ ကျနော် ဒီ iTunes ဆော့ဝဲကို အခုလို
အင်စတောလုပ်နည်းကို ပြပေးလိုက်ခြင်းသည် အကြောင်းရှိနေလို့ပါ
အဲဒါကတော့ နောက်ပိုင်း iOS Device များနဲ့ပတ်သက်လို့
iOS User တွေအတွက် အသုံးတည့်မယ့် မသိမဖြစ်တဲ့ ပိုစ့်များကို
တင်ပေးသွားဖို့ အစီအစဉ်တွေရှိပါတယ်။ အဲဒါကြောင့် ဒီဆော့ဝဲကို
အရင်ဦးဆုံး အင်စတောလုပ်ထားကြစေလိုပါတယ်ခင်ဗျား...

 မိမိကွန်ပျူ တာမှာသာ ဒီဆော့ဝဲကို အင်စတောလုပ်ပြီးရင်တော့
iOS Device များစိတ်ကြိုက်ကလစ်နိုင်မှာဖြစ်လို့ အင်စတောမလုပ်တတ်
သေးတဲ့ ညီအကိုများကတော့ အောက်ကပုံလေးတွေအတွက်
ကြည့်ပြီး အင်စတောပြု လုပ်လိုက်ကြပါ။

What is iTunes
============
 iTunes is the best way to organize and enjoy the music, movies, and TV shows you already have — and shop for the ones you want to get. You can even listen to free streaming radio stations with iTunes Radio. iTunes works on Mac, PC, iPad, iPhone, iPod touch, and Apple TV

၁။ ပမဦးဆုံး iTunes ဆော့ဝဲ 32/64 bit များကို Official ဆိုက်မှ
နောက်ဆုံးထွက် ဗားရှင်းကို ဒေါင်းလော့ရယူလိုက်ပါ

Download Here Official 

Official Web ကနေဒေါင်းလော့ရယူနည်း
================
Download ဆိုတာကို နှိပ်ပြီးလို့ Official ထဲကိုရောက်ပြီးတဲ့အခါ
မိမိကွန်ပျူ တာရဲ့ OS Info အရ 32/64 bit ကိုဒေါင်းလော့ရယူမှာ ဖြစ်ပါတယ်။
အောက်ကပုံလေးအတိုင်း Email Address နေရာမှာ မိမိရဲ့ Gmail ကိုထည့်ပေးပါ။
 ပြီးရင် Location နေရာမှာ မိမိနေတဲ့ နိုင်ငံကို ရွေးပေးလိုက်ပါ။
အားလုံးပြီးရင်တော့ Download Now ဆိုတာကိုနှိပ်ပေးလိုက်ပါ။

iTunes Download Unofficial 32/64 Bit
====================
Download Here 32 Bit 

OR

 Download Here 32 Bit


Download Here 64 Bit 

၂။ ဒေါင်းလော့ရလာတဲ့ Zip ဖိုင်ကို Right Click တစ်ချက်ထောက်ပြီး
Extract File ဖြင့်ဖြေလိုက်ပါ။

၃။ iTunes Setup ဖိုင်ကို Right Click တစ်ထောက်ပြီး Run as administer ဖြင့်
အင်စတောလုပ်ပါ။ ဒီနေရာမှာတော့ မိမိ ကွန်ပျူ တာက 32 bit OS ဆိုရင်တော့
32 bit iTunes setup ဖိုင်ကို အင်စတောလုပ်ရမှာဖြစ်သလို 64 bit ဆိုလည်း
ဒီအတိုင်း အင်စတောလုပ်ရမှာဖြစ်ပါတယ်။ အင်စတော စတင်လုပ်ပြီးလို့
အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့ Next ကိုနှိပ်လိုက်ပါ။
၎။ အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့ install ဆိုတာကို
နှိပ်ပါ အနီရောင်လေးနဲ့ဝိုင်းပြထားပါတယ်။
၅။ install ကိုနှိပ်ပြီးလို့ အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့
ခနလေးစောင့်နေလိုက်ပါ ဘာမှလုပ်ပေးစရာမလိုသေးပါ
သူ့အထဲမှာ ပါလာတဲ့ Function တွေကို တစ်ခုပြီးတစ်ခု
အင်စတောလုပ်နေပါလိမ့်မယ် ခနစောင့်ပေးလိုက်ပါ။
၆။ အားလုံးပြီးလို့ အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့
Finish ကိုနှိပ်လိုက်ပါ။ Open iTunes after the installer exits
ဆိုတဲ့နေရာမှာ အမှန်ခြစ်ဖြု တ်လိုက ဖြု တ်ပေးလိုက်ပြီး
 Finish ကိုနှိပ်ပေးလိုက်ပါ။
အားလုံးပြီးရင်တော့ iOS Device ကို စိတ်ကြို က်ကလစ်
နိုင်မယ့် iTunes ကို သင့်ကွန်ပျူ တာမှာ ပိုင်ဆိုင်သွားပါပြီ။



အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...