သင့်ရဲ့ Blog မှ ပို့စ်များကို Facebook Page ပေါ်သို့ အလိုအလျှောက် တင်နည်း
သင့် Blog ,Website မှာ ပို့စ်တစ်ခု တင်လိုက်တိုင်း Facebook Wall/Timeline, Page စတဲ့နေရာတွေမှာ ဘလော့က ပို့စ်ကို ထပ်မံ တင်ရတာက အလုပ်ရှုပ်ပါတယ်။ သင့်ရဲ့ ဘလော့မှာ ပို့စ်တစ်ခု တင်လိုက်တိုင်း Facebook Timeline , Page မှာ အလိုလို ဆောင်းပါးတွေတင်ပေးနိုင်ရင် အဆင်ပြေမှာပါ။ ဒီလိုလုပ်ပေးနိုင်တာကတော့ ကတော့ RSS Graffiti ဆိုတဲ့ Facebook Application ဖြစ်ပါတယ်။
Facebook ကို Sign In လုပ်ပြီး အောက်က လင့်ကနေ RSS Graffiti App ကိုသွားပါ။ပြီးရင် နာမည်တစ်ခုပေးပြီး Create Publishing Plan ကိုနှိပ်ပါ။
Sources ဘေးက New Source ကိုနှိပ်ပါ။
သင့် ၀က်ဆိုက်၊ ဘလော့ရဲ့ RSS Feed URL ထည့်ပေးပါ။ Add Source ကိုနှိပ်ပါ။
Maximum Posts per Update မှာ 5 Posts ကိုရွေးပါတယ်။ သင် နဲ့ အဆင်ပြေမယ့် Setting ကိုရွေးနိုင်ပါတယ်။ Save ကိုနှိပ်ပြီးရင် Source ကိုရွေးတဲ့အပိုင်းပြီးပါပြီ။
Target ဘေးက New Target ကိုနှိပ်ပါ။
Choose Target အောက်မှာ သင့်ရဲ့ Facebook Page ကို ရွေးပါ။ သင့်ရဲ့ Timeline မှာ တင်ချင်ရင် User Account ကို ရွေးပါ။ Post Style မှာ Standard ကိုရွေးပြီး Save Changes ကိုနှိပ်ပါ။
brother
ReplyDeleteblog ရဲ့ rss feed ကို andorid phone ကနေဘယ်လိုယူရမလဲ...
Like Page ဘလော့မှာ ထည်ချင်တာ ဘယ်လိုထည့်ရမလဲမသိလို့ ပြောပြပါလား ဗျာ
ReplyDelete