မဂ်လာပါနော်သည်နေ့ ရေးဖြစ်တဲ့ အကြောင်းရာလေးကတော့ လူတိုင်းလိုလို အသုံးပြုနေကြတဲ့ မော်ဇီလာ
ဆိုတဲ့ Firefox ရဲ့ အကြောင်းလေးပါဘဲ... သူကတော့ Firefox ကို ပိုမိုမြန်ဆန်စေတဲ့ နည်းလမ်လေးတစ်ခုကို ရှာဖွေတွေ့ရှိထားလို့...ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်... သိထားပြီး သူများလည်း တော်တော် များများ ရှိနေကြမယ်လို့ ထင်ပါတယ်.. မသိသေးသူတွေအတွက် ရည်ရွယ်ပါတယ်..... လုပ်နည်းလေးကလည်း ရိုးရှင်းတာ မို့ အပန်းမကြီးတဲ့အတွက် လုပ်ကြည့်လိုက်ပါနော်
ကဲစမယ်...ပထမဆုံး မိမိတို့ ကွန်ပျူတာရဲ့ Runbox ကိုခေါ်လိုက်ပါ... Win + R ကိုတွဲကလစ်ခြင်းဖြင့် ရနိုင်ပါတယ်..နော် အိုကေ ကျလာတာနဲ့ အဲထဲမှာ regedit ဆိုပြီးရေးထည့်ပေးလိုက်ပါ နောက် ok..
ကဲ ပြီးတာနဲ့ အောက်မှာ ပြထားတဲ့ Registry Editor ဇယားကျလာပါပြီ.. အဲထဲမှာ ပြထားသလို နံပါတ် စဉ်တိုင်း ကလစ်ပေးသွားလိုက်ပါနော်....သည်လိုလေးပေါ့နော်...
HKEY_LOCAL_MACHINE\ SYSTEM\ CurrentControlSet\ Services\ Dnscache\
နောက်ထပ် ဆက်ကရစ်ရန် ရှိပါသေးတယ်နော် မပြီးသေးပါ ဇယားနံပါတ် ( ၂ ) လာပါ့မယ်နော်...
ပုံမှာ ပြထားသလို နံပါတ် ( ၆ ) ထိကလစ်ပြီးတာနဲ့ ညာဘက်က အကွက်ထဲကို ကြည့်လိုက်ပါ... ဖိုင်လေး နှစ်ခု သာရှိနေရမှဖြစ်ပါတယ်... ယခု ကျနော် ပြထားသော ဖိုင် လေးခု ဖြစ်နေခြင်းဟာ...ကျွန်တော် Firefox Speed ကို တိုးထားလို့ ဖြစ်ပါတယ်... မိမိတို့လည်း ထို့နည်းတူ ထိုင်လေး လေးခု ဖြစ်နေအောင် လုပ်ပေးရမှာ ဖြစ်ပါတယ်...အမှန်က Speed တိုးပြီးတာနဲ့ မိမိတို့ အပေါ်ကပုံ နေရာပြန်သွားကြည့်တဲ့အခါ စုစုပေါင်း ဖိုင် ( ၆ ) ဖိုင်ဖြစ်နေရပါမယ်.. ကျနော်က ၂ ခု ဖျက်မိထားလို့ ၄ ခုဘဲကျန်နေတာ...ေိေိ... ကဲ.. အောက်မှာ...
မိမိတို့ ကွန်ပျူတာက Notepad ကိုဖွင့်လိုက်ပါ ဖွင့်ပြီးတာနဲ့ အောက်ကပေးထားတဲ့ ကုဒ်တွေ ယူထည့်ပါ
Windows Registry Editor Version 5.00
[HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\Dnscache\Parameters]
"CacheHashTableBucketSize"=dword:00000001
"CacheHashTableSize"=dword:00000180
"MaxCacheEntryTtlLimit"=dword:0000fa00
"MaxSOACacheEntryTtlLimit"=dword:0000012d
အိုကေ ထည့်ပြီးတာနဲ့ ဆေ့ကြမယ်နော် ဆေ့ တဲံအခါ အပေါ်ပုံပြထားသလို file ကိုကလစ်ပါ.. save as ဆိုတာကိုကလစ်ပါ....အောက်မှာ ကြည့်လိုက်ပါ ဆေ့တဲ့ အခါမှာ file name ဆိုတဲ့နေရာမှာ မဖြစ်မနေ
dnscache.reg ဆိုတာနဲ့ ထည့်ဆေ့ပေးရမှာဖြစ်ပါတယ်...နေရာကိုတော့ မိမိတို့ Desktop ရေါးပေးပါ။
အိုကေပါ... ဒါဆို save ပေးလိုက်လို့ရပါပြီနော်... အဲလို ဆေ့လိုက်တာနဲ့ မိမိတို့ ဆေ့ထားတဲ့ ဖိုင်လေး Desktop ပေါ်ကြည့်လိုက်ပါနော်...
ကဲ မိမိတို့ မြင်နေရတဲ့ ဖိုင်လေးကို နှစ်ချက်ကလစ်ပြီး run ပေးလိုက်ပါနော် ပြီးတာနဲ့
Reg ဖိုင်လေးကို Run ပြီးတာနဲ့ HKEY_LOCAL_MACHINE\ SYSTEM\ CurrentControlSet\ Services\ Dnscache\ Parameters ဆိုတဲ့ နေရာရဲ့ ညာဘက် အကွက်ထဲမှာ ဖိုင် (၄)ဖိုင် တိုးတာပြီး အားလုံးပေါင်း (၆) ဖိုင် ဖြစ်သွားပါလိမ့်မယ်။
ဒါဆိုရင်တော့ Browser ကို Speed မြှင့်လို့ ပြီးသွားပါပြီ။ Registry ကို ပြင်တဲ့အတွက် ကွန်ပျူတာကို Restart လုပ်ပေးဖို့ လိုပါလိမ့်မယ်။
0 comments:
Post a Comment