ကျွန်တော်ယခုတင်ပြချင်တာကတော့ Firefox မှ ကိန္နရီ Add-ons လးကိုသုံးပြီး Facebook ကို မြန်မာဘာသာဖြင့် အသုံးပြုနည်းလေးကို တင်ပြချင်ပါတယ်။ ဒီ Add-ons လေးဟာ မိမိကွန်ပျူတာမှာUnicode Font ရှိရန်မလိုဘဲ ဇော်ဂျီဖောင့်မှ ယူနီကုတ်ပြောင်းလိုသူများ အလွယ်တကူပြောင်းလဲ ပေးနိုင် ကြည့်ရူနိုင်ပါတယ်။ ပုံမှန်သင်ရိုက်နေကြ ဇော်ဂျီ ကီးဘုတ် ဖြင့်လည်း Ctrl+Alt ဖိပြီး Mouse ဖြင့်နှိပ်ပြီးUnicode ပြောင်းလဲပြီးအသုံးပြုနိုင်ပါသေးတယ်။ Firefox Version 26 များလိုအခြားနေရာတွင် မြန်မာစာပေါ်ပြီး မြန်မာနံမည် Facebook Account များတွင် လေးထောင့်တုံးဖြစ်နေတာ ကိုလည်း ဖြေရှင်းပေးနိုင်သော Add-ons လေးဖြစ်ပါတယ်။
ဒီ Add-ons လေးကိုတီထွင်ခဲ့တဲ့ Official Blog Link ကတော့ Blog>>>Myanmar Font Prefixer ဖြစ်ပြီး Developer များကို အထူး ကျေးဇူးတင်ရှိသလို ဒီနေရာကနေလည်း Creditလည်းပေးပါတယ်.....
Facebook ကိုမြန်မာဘာသာဖြင့် အလွယ်တကူအသုံးပြုချင်သူ များ အောက်မှာကြည့်ပြီး ပြုလုပ်နိုင်ပါတယ်ခင်ဗျာ.....
1.အရင်ဆုံး Facebook မှ Setting>>>General>>>Language တွင် မြန်မာဘာသာမပါဝင်သေးသောသူများ အောက်ကအတိုင်း ပါဝင်လာအောင် ပြုလုပ်နိုင်ပါတယ်။(ရှိပြီးသားသူများကတော့ ဒီအဆင့်မလိုအပ်ပါဘူး...)
2.အရင်ဆုံး ဒီလင့် ကိုသွားလိုက်ပါ။ Translations ကိုရောက်သွားလျှင် Select Language ကိုနှိပ်ပြီးမြန်မာဘာသာ ရွေးချယ်ပြီး Continue နှိပ်လိုက်ပါ။
3.အောက်ကပုံအတိုင်းပေါ်လာပါမယ်။
4.အပေါ်ကအဆင့်တွေ ပြီးသွားရင်တော့ ကိန္နရီ Add-ons လေးကို ဒီမှာ ဒေါင်းလိုက်ပါ။ ပြီးရင် Firefox ကိုRefresh ပေးလိုက်ပါ။
5.ပြီးရင်တော့ Facebook Setting >>> General >>>Language ကိုသွားပြီင်္း ညာဘက်မှ Editကိုနှိပ်ပါ။ မြန်မာဘာသာ ပြောင်းလဲပြီး Save Changes ကိုနှိပ်လိုက်ပါ။
6.ဒါဆိုရင်တော့ သင့်ရဲ့ Facebook မှာ အောက်ကပုံတွေအတိုင်း Facebook ကို မြန်မာလို ကောင်းစွာအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
0 comments:
Post a Comment