-->

Saturday 28 March 2015

Samsung Galaxy A7 ကို Root ဖောက်တဲ့နည်းလမ်း

ကျွန်တော်ကို သူငယ်ချင်းတစ်ယောက်ကပြောလို့ သူဝယ်ထားတဲ့ A7 ကို Root ဖောက်ချင်လို့တဲ့။ ဒါပေမယ့်လဲ ၀ယ်ထားတာကမကြာသေးတော့ Root လဲမဖောက်ချင်ဘူးပေါ့ဗျာ… နမျှောတာကို…
Root မဖောက်ပြန်တော့လည်း XMod သုံးလို့မရဘူးလေ… ဒါပေမဲ့ သူတစ်ခုရွေးချယ်ရမယ့်ဆိုတော့ Root ဖောက်လိုက်တော့မယ်ဆိုပြီး နည်းလမ်းလာတောင်းပါတယ်။
Samsung Galaxy A7 ကို Root ဖောက်ဖို့က မခက်ခဲ့ပါဘူးလို့ပြောလိုက်ပါတယ်။ သူကဒါဆိုဘယ်လိုလုပ်ရမလဲလို့ပြောတော့ Odin ကိုအသုံးပြုပြီးတော့ပဲဖောက်လိုက်ပါလို့ပြောလိုက်တယ်။ အဲဒါနဲ့ပဲ သူက ကျွန်တော်ကို Root File လာတောင်းတယ်လေ.. အဲဒါနဲ့အောက်ကပေးထားတဲ့ လင့်ကိုပေးလိုက်ပါတယ်။ ကျွန်တော်သူငယ်ချင်းက ဘယ်လိုပုံစံလုပ်သလဲကိုမေးတော့ အောက်ကနည်းလမ်းကိုပြောပြလိုက်ပါတယ်။ သူငယ်ချင်းတို့လဲလိုက်လေ့လာကြည့်ပေါ့ ဘာမှမခက်ခဲတဲ့ဟာပါ။ Odin နဲ့ဆိုတော့ သိပြီးသားသူက သိနေလောက်ပါပြီ။ စလိုက်ကြရအောင်…
အရင်ဆုံးဖုန်းကို Battery 60% လောက်ထားပါ။ ဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ Data ဖိုင်တွေကို BackUp ယူထားပါ။ ပြီးရင် Power ပိတ်လိုက်ပေါ့။
အောက်ကလင့်တွေမှာ လိုအပ်တဲ့ Root File, Driver, Odin တွေကိုယူပါ။

အကုန်လုံးလဲဒေါင်းပြီးပြီဆိုရင် File တွေအကုန်လုံးကို Desktop မှာဖြစ်ဖြစ် zip ဖြည်လိုက်ပါ။ အဲဒီအထဲမှာ
Driver ကို Install လုပ်လိုက်ပါ။ Driver လည်း Install လုပ်ပြီးရင် Root File ထဲမှာ Odin software exe file ကိုတွေ့ရင် Run လိုက်ပါ။
ဖုန်းကို ဘက်ထရီချွတ် ပြန်တပ်ပြီး လျှင် Download Mode ၀င်ဖို့အတွက် Vol Down + Home + Power ကိုဖိနှိပ်ထားပါ။ အောက်ကပုံအတိုင်းပေါ်လာရင် Warming လို့ပေါ်လာရင် Vol Up ကိုဖိနှိပ်လိုက်ပါ။ ဒါဆို Download Mode ထဲဝင်သွားပါပြီ။ Download ၀င်နေတဲ့အခြေအနေနဲ့ ဖုန်းကိုကြိုးထိုးလိုက်ပါ။
ကြိုးထိုးပြီးလျှင် Odin မှာကြည့်ကြည်လိုက်ပါ။ အောက်မှာ တွေရတဲ့ပုံအတိုင်း Odin ရဲ့ Message
Box မှာ Added လို့ပေါ်နေတာကိုတွေ့ရမှာပါ။ နောက် Odin ရဲ့ COM Port မှာလည်း အပြာရောင်အတန်း လေးကိုတွေ့ရမှာဖြစ်ပါတယ်။
Odin မှာ PDA Button တွေ့ရင်နှိပ်လိုက်ပါ။ ( ကွန်တော်ကဒီအထဲမှာ Odin 3.07 ဖြစ်နေလို့ PDA လို့ပေါ်နေတာပါ။ Odin 3.0.9 ကျော်လာတော့ PDA နေရာမှာ PA ပြောင်းလဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။)
Browse တစ်ခုကျလာပါလိမ့်မယ်။ အဲဒီ Browse မှာ Root File ရှိတဲ့နေရာကိုသွားလိုက်ပါ။ ရောက်ပြီဆိုရင် .tar.md5 (or) .tar ဖိုင်တွေ့ရင် ရွေးပေးလိုက်ပါ။
Browse တစ်ခုကျလာပါလိမ့်မယ်။ အဲဒီ Browse မှာ Root File ရှိတဲ့နေရာကိုသွားလိုက်ပါ။ ရောက်ပြီဆိုရင် .tar.md5 (or) .tar ဖိုင်တွေ့ရင် ရွေးပေးလိုက်ပါ။
ဖိုင်ထည့်တာလည်းမှန်သွားပြီဆိုရင် Start ကိုနှိပ်လိုက်ပါ။ ဒါဆို လုပ်ငန်းစဉ်စတင်နေပါပြီ…..
ခဏစောင့်ပါ။
Odin မှာ အခုလိုမျိုး Pass ဖြစ်သွားရင် ဖုန်းက Auto Reboot ကျသွားပါလိမ့်မယ်။
ပြန်တက်လာရင်တော့ Samsung Galaxy A7 ကို အောင်မြင်စွာနဲ့ Root ဖောက်နိုင်ခဲ့ပါပြီ။ ကျွန်တော်သူငယ်ချင်းတို့ အဆင်ပြေကြပါစေ….
အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်…
PDF ဖြင့်လိုချင်သူများးအတွက်
http://www.mediafire.com/…/Samsung_Galaxy_A7_ကို_Root_ဖောက်…

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...