-->

Tuesday 3 March 2015

iPhone ထဲ သီချင်း ဓာတ်ပုံ ဗွီဒီယိုဖိုင်တွေ အလွယ်တကူ ထည့်နည်း

သီချင်း ဓာတ်ပုံ ဗွီဒီယို ဖိုင်တွေကို iPhoneထဲကို အလွယ်တကူ ထည့်နည်လေးပါ။ မသိသေးသူများကို အထူးရည်ရွယ်ပါတယ်။ ဒေါင်းလွတ်လုပ်ရတာလည်း ဖိုင်ဆိုက်က အရမ်းသေးလို့ ကိုယ့်ရဲ့ စက်မှာလည်း ဖိုင်ကြီးကြီးများများ တိုးမသွားပါဘူး။ အောက်က ပုံတွေကို ကြည့်ရင် သုံးရတာ လွယ်ကူတယ်ဆိုတာ သိသွားပါလိမ့်မယ်။
၁။ iTools ကို Download လုပ်ပါ။
၂။ ဖုံးကို ကွန်ပျူတာနဲ့ချိတ်ပါ။ ချိတ်ပြီးပြီဆိုရင် ပုံထဲကလို iTools မျက်နှာပြင်မှာ အခုလိုတွေ့ရပါမယ်။ မိမိဖုန်းရဲ့ အသေးစိတ်အချက်လက်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကျနော်ဖုန်းကို စင်္ကာပူမှာ ၀ယ်ထားတာဖြစ်လို့ Region မှာ စင်္ကာပူလို့ ပေါ်နေတာဖြစ်ပါတယ်။ နောက်ပြီး Jailbreak လုပ်ထားလို့ Yes လို့ ပေါ်တာဖြစ်ပါတယ်။ တကယ်လို့ သင့်ဖုန်းက Jailbreak လုပ်မထားရင်တော့ Jailbreak နေရာမှာ No လို့ ပြမှာဖြစ်ပါတယ်။ နောက်ပြီး ဖုန်းရဲ့ သက်တမ်း Warranty Exp ကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ကျနော့်ဖုန်းသက်တမ်းက သိမ့်မကျန်တော့ပါဘူး
၃။ iPhone ထဲမှာ မိမိကြိုက်နှစ်သက်တဲ့ Ipa App များကို ဖုန်းထဲမှာ Install လုပ်မယ်ဆိုရင်တော့ သင့်ဖုန်းနာမည်အောက်က Menu ဘားက Application ကို နှိပ်ပြီး အပေါ်နား Install နောက်က အနီရောင်စက်ဝိုင်းပြထားတဲ့ အောက်ဆိုက်မြှားလေးကို ကလစ်ပြီး သင် Install လုပ်ချင်တဲ့ Ipa App ကို ရွေးပြီး သင့်ဖုန်းထဲကို Install လုပ်နိုင်ပါတယ်။
၎။ ဒီတခါ ဖုန်းထဲကို သီချင်း ထည့်နည်းဖြစ်ပါတယ်။ အောက်ကပုံထဲကလို Menu ဘားက Media ကို ကလစ်ပြီး အပေါ်နား အနီရောင်ပြထားတဲ့နေရာက အောက်ဆိုက်မြှား Import ကို ကလစ်ပြီး သီချင်း ရှိတဲ့နေရာကိုရွေးပြီး ထည့်နိုင်ပါတယ်။ သီချင်းထည့်တဲ့အခါ ညာဘက်ဘေးနားက Playslists ကလစ်ပေး Create ဖိုင် လုပ်ပြီး သင် ကြိုက်တဲ့သီချင်းများကို ဖိုင်တစ်ခုအနေနဲ့ထားရှိနိုင်ပါတယ်။ ဓာတ်ပုံများလည်း ဒီနည်းအတိုင်းဖြစ်ပါတယ်
၅။ ဒါကတော့ ဖုန်း Desktop ပုံဖြစ်ပါတယ်။ သင့်ဖုန်းရဲ့ Desktop ပုံကို တွေ့မြင်ချင်တယ်ဆိုရင် Menu ဘားကပဲ Desktop ကို ကလစ်ပြီး သင့်ဖုန်းရဲ့ Desktop ကို တွေ့မြင်နိုင်ပါတယ်။ ဒီပုံကတော့ နမူနာအနေနဲ့ ပြသခြင်းဖြစ်ပါတယ်။
ကျန်တာကတော့ သင် စိတ်ကူးရှိရင် ရှိသလောက် လုပ်ဆောင်နိုင်ပါတယ်။ ဒီလောက်ဆိုရင် သင့် iPhone ထဲကို အလွယ်တကူ သီချင်း ဓာတ်ပုံ ဗွီဒီယို စတဲ့ iPhone မှာ ထည့်လို့ရနိုင်တဲ့ iTools အကြောင်း အပြည့်စုံမဟုတ်တောင် သိသင့်တာ သိရပြီမို့ သင်ကိုယ်တိုင် ဖုန်းထဲကို သီချင်း ဓာတ်ပုံဖိုင်များကို ထည့်နိုင်မှာဖြစ်ပါတယ်။
ref-iphone user

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...