-->

Friday 2 January 2015

Xiaomi Smartphone ကို Google Play Store install လုပ်နည်း

ကျွန်တော် အခုတင်ပြပေးမယ်ကတော့ Google Play Store ကို Xiaomi ဖုန်းမှာ အသုံးပြုချင်တဲ့ သူငယ်ချင်းတို့အတွက် အခုတင်ပြသွားမှာဖြစ်ပါတယ်။ ဘာမှတော့မခက်ခဲပါဘူး။ Xiaomi ဖုန်းထဲမှာ Original ပါဝင်တဲ့ Mistore app နဲ့ပဲ Install လုပ်သွားမှာဖြစ်ပါတယ်။ Aww Internet line တွေရှိဖို့လိုတာပေါ့…..
ကဲအရင်ဆုံး ဖုန်းရဲ့ setting ရဲ့ Security ထဲက Unknown Sources ကို သွား On ထားပေးပါ။
Unknown Sources On ပြီးပြီဆိုရင် ဖုန်းကိုအရင်ဆုံး Wifi (သို့) Internet Line ရရှိအောင်လုပ်ထားပါ။
စတင်ပြီ Install စလုပ်ကြရအောင်
ဖုန်းထဲက MiStore app (သို့) market ကိုဖွင့်ပါ။
ပြီလျှင် Search box မှာ Google လို့ရိုက်ထည့်လိုက်တာနဲ့ google ဆိုပြီး တရုတ်လိုပေါ်လာရင် Install လုပ်လိုက်ပါ။ install လုပ်ပြီးသွားရင် Google installer ကို ဖွင့်လိုက်ပါ။

ကျွန်တော်တို့တွေက Play Store ထည့်သွင်းမှာဆိုတော့ Google Play Store ကို install လုပ်လိုက်ပါ။ အဲဒီချိန်မှာ Google Service Framework လာတောင်းပါလိမ့်မယ်။ ပေါ်လာရင် OK ကိုနှိပ်ပေးလိုက်ပါ။
ဒါဆို Google Service Framework ကို install လုပ်နေပါပြီ။ ပြီသွားရင် အောက်နားက မျှားပုံလေးနဲ့ button လေးကိုနှိပ်ပေးလိုက်ပါ။ မရှင်းလျှင် အောက်ကပုံ(၃)ကိုကြည်နိုင်ပါတယ်မယ်….
Box တစ်ခုကျလာပါလိမ့်မယ်။ Continue ကိုဆက်နှိပ်သွားပြီ Google Account Manager နဲ့ app 4 ခု ကို install ဆက်လုပ်သွားပါ။
Install ဆက်လုပ်ချိန်မှာ install တစ်ခုပြီတိုင်း Finish လုပ်ချိန်မှာ I trust this app ကို on ပေးထားပြီ
Finish လုပ်ပါ။
ဒါဆို Xiaomi ဖုန်းကို Google play store ထည့်သွင်းတဲ့အဆင့်တွေပြီးသွားပါပြီ။ Google Account ကို Sign In လုပ်ပြီး Google play store ကိုအသုံးပြုနိုင်ပြီဖြစ်ပါတယ်……
အားလုံးအဆင်ပြေကြပါစေ...သိတာတွေရှိရင်လည်ပြန်လည်မျှဝေပေးပါဦး..
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်…..
PDF file ဖြင့်သိမ်းချင်သူများအတွက်
http://www.mediafire.com/…/Xiaomi_Smartphone_Google_Play_St…

1 comment:

  1. Xiaomi Smartphone ကို Google Play Store Install လုပ်နည်း ~ ထင်ရှားအောင် (Kyauk Phyu Thar) >>>>> Download Now

    >>>>> Download Full

    Xiaomi Smartphone ကို Google Play Store Install လုပ်နည်း ~ ထင်ရှားအောင် (Kyauk Phyu Thar) >>>>> Download LINK

    >>>>> Download Now

    Xiaomi Smartphone ကို Google Play Store Install လုပ်နည်း ~ ထင်ရှားအောင် (Kyauk Phyu Thar) >>>>> Download Full

    >>>>> Download LINK BR

    ReplyDelete

Related Posts Plugin for WordPress, Blogger...