-->

Friday 24 April 2015

နားမကြားသူတွေဖုန်းပြောနိုင်မဲ့ PEDIUS APP


 
နားမကြားသူတွေဖုန်းပြောနိုင်မဲ့ app လေးတဲ့
လူတွေရဲ့ နေ့စဉ်ဘ၀တွေမှာ ဖုန်းပြောဆိုတာဟာ ထမင်းစား ရေသောက် ကိစ္စတစ်ခု ဖြစ်ပေမယ့် နားမကြားသူတွေအတွက်တော့ ဖုန်းပြောဆိုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုတော့ ဒီပြဿနာကို ဖြေရှင်းပေးမယ့် App ကို တီထွင်လိုက်ပါပြီ။


Pedius App ဟာ Voice Recognition နဲ့ Speech Translation နည်းပညာတို့ကို အသုံးပြုထားပါတယ်။ App ကိုAndroid နဲ့ iOS တို့အတွက် ထုတ်လုပ်ပေးထားပါတယ်။ နားမကြားသူက စာရိုက်ပြီး ပြောချင်တာကို Message အနေနဲ့ ပေးပို့ရမှာပါ။ အဲဒီ Message ကို App က စကားပြောသံ အဖြစ်ပြောင်းလဲပြီး တစ်ဖက်ကို ပို့ပေးမှာ ဖြစ်ပါတယ်။ တစ်ဖက်လူက ပြောလိုက်တဲ့ စကားသံကိုလည်း App က နားမကြားသူအတွက် စာသားအနေနဲ့ ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။
Ads by Safer-SurfAOptions


Pedius ကို အီတလီ လူမျိုး Lorenzo Di Ciaccio က တီထွင်ထားတာ ဖြစ်ပါတယ်။ App ကို အခမဲ့ ဖြန့်ချီပေးတာ ဖြစ်ပေမယ့် ဖုန်းပြောခအတွက်တော့ နိုင်ငံအလိုက် ခေါ်ဆိုခနှုန်းထားများ သတ်မှတ်ကောက်ခံပါတယ်။ ၀န်ဆောင်မှုကို ၂၀၁၃ ခုနှစ်မှာ အီတလီမှာ စတင်ခဲ့ပြီး အခုတော့ ဗြိတိန်၊ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတို့မှာ အသုံးပြုနိုင်ပါပြီ။ ဒီနှစ်နှောင်းပိုင်းမှာတော့ ဥရောပမှာ တိုးချဲ့ဖို့ စီစဉ်နေပါတယ်။


ကမ္ဘာပေါ်မှာ နားမကြားလို့ ဖုန်းမပြောနိုင်တဲ့ လူဟာ သန်း ခုနစ်ဆယ်ကျော်ရှိတဲ့အတွက် အဲဒီလူတွေအတွက်တော့ Pedius ဟာ အဖိုးမဖြတ်နိုင်တဲ့ App တစ်ခု ဖြစ်လာပါတယ်...

 
အဆင်ပြေပါစေ..

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...