-->

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday 28 February 2015

မိမိကွန်ပျူတာတွင် RAM အလွယ်တကူ တိုးနည်း ••

မိမိကွန်ပျူတာတွင် RAM အလွယ်တကူ တိုးနည်း ••
ဒီနည်းလမ်းကို အိုင်တီပညာရှင် စာဖတ်သူတော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။ မိမိ လက်ရှိအသုံးပြုနေတဲ့ ကွန်ပျူတာကို Speed - ၆၀ ရာခိုင်နှုန်းမြင့်တင်ခြင်း ဖြစ်ပါတယ်။ ဒီအတွက် RAM တိုးဖို့ လိုအပ်ပါတယ်။
ဒီ trick အတိုင်းသွားရင် ကွန်ပျူတာတွင်းက Hard disk ရဲ့  အချို့ အစိတ်အပိုင်းကို Virtual RAM အနေနဲ့ အသုံးချလို့ ရမှာ ဖြစ်ပါတယ်။ RAM တိုးတယ်ဆိုလို့ အမှန်တက
ယ်တော့ အခြား Hard disk က Space ကို ချေးငှားအသုံးပြုလုပ်တာ ဖြစ်ပါတယ်။ အမှန်တကယ်လည်း RAM တိုးပြီး လုပ်ဆောင်ချက် မြန်သွားပါတယ်။ အောက်ပါအဆင့်အတိုင်း သွားနိုင်ပါတယ်။
၁။ My Computer ကို right click နှိပ်ပြီး Properties ထဲဝင်ပါ။
၂။ Advance tab ထဲကိုဝင်ပါ။
၃။ Performance section ထဲက Setting botton ကိုဝင်ရပါမယ်။
၎။ Advance Tab ကိုပဲ ထပ်ဝင်ရပါမယ်။
၅။ Virtual Memory အောက်မှ Change ဆိုတာကို နှိပ်ရပါမယ်။
၆။ Drive C ကိုရွေးချယ်ရပါမယ်။
၇။ Custom Size ကိုရွေးချယ်ရပါမယ်။
၈။ Automatically manage မှာ အမှန်ခြစ်ထားတာလေး ဖြုတ်ပြီး ဒီလိုဖြည့်ရပါမယ်။
Intial Size မှာ 5GB အတွက်ဆိုရင် 5000 . 2GB အတွက်ဆိုရင် 2000 ကို ဖြည့်ပေးရပါမယ်။ စာဖတ်သူတို့ ကိုယ်ကြိုက်တာ ထည့်နိုင်ပါတယ်။
Maximan Size မှာ 5GB အတွက် 5000 ဖြည့်ပေးရပါမယ်။ သဘောကတော့ Virtual Memory ကအနေနဲ့ Local Disk C က 5GB ယူသုံးတာဖြစ်ပါတယ်။
၁၀။ Set ဆိုတဲ့ Buttom ကိုနှိပ်နိုင်ပါတယ်။ ပြီးရင် OK ပေါ်သမျှ လိုက်နှိပ်ပြီး Apply လည်းပါဝင်ပါတယ်။
ပြီးရင် ကွန်ပျူတာကို Restart လုပ်ပေးလို့ တောင်းဆိုလာပါလိမ့်မယ်။
ကွန်ပျူတာ Restart လုပ်ပြီးရင်တော့ ယခင်ကထက် နှစ်ဆကျော် (၆၀ရာခိုင်နှုန်း) ပိုမြန်တဲ့ ကွန်ပျူတာကို အသုံးပြုနိုင်ပါတယ်။
မိတ်ဆွေ… အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။
Credit @ PHYO.WAI.OO

Talking Notification Girl v1.51 Apk


ယခု ဆော့ဝဲလ်ဟာလည်း သင့်ဖုန်းဆီ သို့ အခြားမှ ပေးပို့ လာသည့် Messager များမှ စာသားအကြောင်းအရာ 

မှန်သမျှကို တစ်လုံးမကျန် ချက်ချင်းဆိုသလို ယခု ဆော့ဝဲမှ ဖတ်ပြပေးသွားမှာဖြစ်ပါသည်.ဖုန်း၏ Notification 

သို့ရောက် ရှိလာသည့် စားသား များကို ဖတ်ပြပေးမည့် မိုဘိုင်းဆော့ဝဲလ် ပင်ဖြစ်ပါသည်

အသုံးပြုရန် ယခု ဆော့ဝဲလ် အတွင်းရှိ On နဲ Off မှာ အစိမ်းရောင်ဖြစ်အောင် On ဖြင့် ဖွင့်ထားပေးပြီးလျှင် အသုံပြု၍ 

ရပါပြီ ဆော့ဝဲလ် ၏ ဝန်ဆောင်မူအသေးစိတ်ကိုတော့ ဒေါင်းယူ၍ လေ့လာနိုင်ပါပြီ

Samsung Galaxy Mega 2 SM-G750H အတွက် Root File

အားလုံးပဲမင်္ဂလာပါ။
ကျွန်တော် အခုလဲ Samsung Galaxy Mega 2 SM-G750H အတွက် Root file ရလို့မျှဝေပေးလိုက်ပါတယ်။
Root ဖောက်နည်းကတော့ Odin ကိုအသုံးပြုတော့ပဲ ပြုလုပ်သွားမှာပါ။ Odin ဆိုတာနဲ့ သိတဲ့သူအတော်လေးများပါတယ်။ ဒါပေမဲ့ မသိသေးတဲ့သူတွေအတွက်ပြန်ပြောပြသွားပေးပါမယ်။
အောက်ကလင့်မှာ လိုအပ်တဲ့ Root File တွေ Driver တွေကို ဒေါင်းကြပါ။
Samsung USB Driver ကိုဒေါင်းရန်

Saturday 21 February 2015

iTunes ဗားရှင်းအားလုံး ကွန်ပျူ တာမှာ အလွယ်တကူ အင်စတောလုပ်နည်း

 မင်္ဂလာပါ
ဟိုတလောက ဘော်ဒါတစ်ယောက်
ကျနော်ဆီရောက်လာတယ် သူ့ iPad ထဲမှာ စာအုပ်တွေမရှိလို့
အဲဒါ ဘယ်လိုထည့်ရသလဲဆိုပြီး လာမေးပါတယ်။

ကျနော်က စာအုပ်တွေ၊ သီချင်းတွေ၊ ဗွီဒီယိုတွေကအစ၊
နောက်ဆုံး iPad တစ်ခုလုံးကို backup & Restore လုပ်နိုင်တဲ့
အပြင် iPad's Version ကိုပါ အလွယ်တကူ မြှင့်ယူနိုင်တဲ့
iTunes ဆော့ဝဲကို ကွန်ပျူ တာမှာ အင်စတောလုပ်ပြီး
ကိုယ့်ဖာသာ ကလစ်ကြည့်လိုက်လည်း ဆိုရော့

ကျနော် အဲဒီဟာကို ကွန်ပျူ တာမှာ အင်စတောမလုပ်တတ်ပါ
ဘူးတဲ့ နောက်အတူဆုံရင်တော့ လုပ်ပေးပါဦးနော်တဲ့....

အရမ်းလွယ်ပါတယ် အောက်မှာ ကျနော်ပုံလေးတွေနဲ့
ပြပေးထားပါတယ်၊ ကျနော် ဒီ iTunes ဆော့ဝဲကို အခုလို
အင်စတောလုပ်နည်းကို ပြပေးလိုက်ခြင်းသည် အကြောင်းရှိနေလို့ပါ
အဲဒါကတော့ နောက်ပိုင်း iOS Device များနဲ့ပတ်သက်လို့
iOS User တွေအတွက် အသုံးတည့်မယ့် မသိမဖြစ်တဲ့ ပိုစ့်များကို
တင်ပေးသွားဖို့ အစီအစဉ်တွေရှိပါတယ်။ အဲဒါကြောင့် ဒီဆော့ဝဲကို
အရင်ဦးဆုံး အင်စတောလုပ်ထားကြစေလိုပါတယ်ခင်ဗျား...

ဖုန်းကလစ်သူနဲ့ Service သမားတွေအတွက် Odin ဗားရှင်းအားလုံးကို တစ်နေရာတည်းမှာ ရယူနိုင်ပါပြီ

All Odin Version for Android
=================
မင်္ဂလာပါ
ဒီနေ့တော့ဖုန်းကလစ်သူနဲ့ Service သမားတွေအတွက်
Odin ဗားရှင်းအားလုံးကို တစ်နေရာတည်းမှာ ရယူနိုင်အောင်
တစ်နေရာတည်းမှာ စုစည်းပြီး တင်ပေးလိုက်ပါတယ်။

မိမိအတွက် အဆင်ပြေမယ့် ဗားရှင်းများကို အောက်ကလင့်မှာ
ဒေါင်းလော့ရယူနိုင်ပါပြီ။

Friday 20 February 2015

ZTE V815W ဖုန်း ဗားရှင်း 4.4.2 ဖုန်းအားလုံးကို အလွယ်တကူ Root လုပ်ပေးနိုင်တဲ့ All in One ZTE Root Tool

မင်္ဂလာပါ
FB မှ ညီအကိုတစ်ယောက် တောင်းဆိုလာတဲ့

အစ်ကို ZTE V815W ဗားရှင်းက 4.4.2 (ထိုင်းကထုတ်တာ dtac တံဆိပ်နဲ့) အဲ့ဒါမြန်မာစာဖောင့် ထဲ့ချင်လို့ ဘာနဲ့ root ရမလဲ ကူးညီပါအုံးခင်ဗျ

အခုကျနော်တင်ပေးလိုက်တဲ့ ပိုစ့်သည် ကျနော်ကိုယ်တိုင်စမ်းသပ်
အောင်မြင်ထားခြင်းမဟုတ်ပါခင်ဗျား တောင်းဆိုလာတဲ့ညီအကိုအဆင်ပြေသွားအောင်လို့
အစ်ကို (၀င်းကမ္ဘာကျော်) မှတစ်ဆင့်ပြန်လည်ကူးယူမျှဝေ လိုက်ရခြင်းပါတယ်။ 

ဒီ Root Tool လေးကတော့ ZTE ဖုန်းအမျိုးအစားကို အလွယ်တကူ
Root လုပ်ယူနိုင်မှာဖြစ်ပါတယ်။ အောက်မှာ Developer Zaw Linn ZTE  ရဲ့
မိတ်ဆက်စကားလေးကို ဖတ်ကြည့်လိုက်ပါဦး
  

Tuesday 17 February 2015

Samsung Galaxy Note 3 SM-N9005 ဗားရှင်း 4.4.2 ကို အလွယ်တကူ Root လုပ်ပြီးမြန်မာစာထည့်မယ်

မင်္ဂလာပါ
ညီအကိုတစ်ယောက် တောင်းဆိုလာတဲ့
Note 3 နဲ့ မြန်မာစာ နည်းပညာလေးပါ
Samsung Galaxy Note 3 SM-N9005 ဗားရှင်း 4.4.2
ဗားရှင်း ဖုန်းအားလုံးကို အလွယ်တကူ Root လုပ်ပြီး
မြန်မာစာထည့်နည်းကို အားလုံးအတွက် တင်ပေးလိုက်ပါတယ်။
Android Device ကိုစိတ်ဝင်စားပြီး
Root လုပ်နည်များကို လေ့လာလိုက်စားနေကြတဲ့
ညီအကိုတွေနဲ့ လေ့လာခါစ ဘော်ဒါတွေအတွက်
အထူး အထောက်အကူဖြစ်စေဖို့ရန်ကိုလည်း ရည်ရွယ်ပါတယ်ခင်ဗျား
လေ့လာခါစညီအကိုတွေကတော့ ကြိုးစားပြီး
လေ့လာစေချင်ပါတယ်၊ ကျနော်လည်း နောက်များ
Android & iOS Tutorial များကို အလင့်သင့်သလို
ပိုစ့်တိုင်းကို ကောင်းကောင်းရေးပြီး တင်ပေးသွားဖို့ရှိပါတယ်။
ကဲဗျာ Root လုပ်မရပဲ ခေါင်းမာနေတဲ့ Note 3 SM-N9005 ဗားရှင်း 4.4.2 ကို
Odin တွေကို အသုံးပြု ပြီး ဘယ်လို Root လုပ်ယူတယ်ဆိုတာကို
အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။
၁။ ပထမဆုံး ကွန်ပျူ တာအတွက် Samsung USB Driver ကို

Sunday 15 February 2015

Android ဖုန်းမှာထည့်ထားမဲ့ နှစ်တရာမြန်မာ ပြက္ခဒိန် apk

အားလုံးပဲမင်င်္ဂလာပါဗျာ..အခုတင်ပေးလိုက်တာကတော့..မြန်မာနှစ်တစ်ရာ ပြက္ခဒိန်ဖြစ်ပါတယ်...မြန်မာတွေအတွက် တကယ့်လိုအပ်တဲ့ ပြက္ခဒိန်တစ်ခုပေါ့ဗျာ..ဥပမာ..မိမိရဲ့ မွေးနေ့က မှန်လားမှားလားဆိုတာတွေကို.စစ်လို့ရတယ်..ပြီးတော့...နှစ်တစ်ရာအတွင်းဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြီး..ရက်တွေလတွေကို ကြည့်မယ်ဆိုရင် အရမ်းအသုံးဝင်မှာပါ...မိမိရဲ့ဖုန်းမှာ လိုရမည်ရဆောင်ထားသင့်တဲ့ apps တစ်ခုပါ...ကိုယ်အလိုရှိလာရင်...တစ်ခါတည်း ဖုန်းကိုဖွင့်ကြည့်လိုက်ရုံပဲလေ..မမိုက်ဘူးလား
၂၀၁၅ ကနေ နှစ်တရာအထိပါဝင်ပါတယ်..နောက်ခံကိုကိုယ်ကြိုက်ရာ ပြောင်းနိုင်ပါတယ်..ဒါပေမဲ့ နောက်ခံအများစားတော့ သိပ်မပါပါဘူး..ဘာအခက်ခဲမှာ သုံးရတာနေရာမှာ မရှိပါဘူး စမ်းပြီးသားပါ...
အောက်ကလင့်မှာဒေါင်းနိုင်ပါတယ်.....

TubeMate 2 YouTube Downloader v2.2.5 Build 634 Mod Ad Free

ဖုန်းထဲကနေ YouTube က video တွေကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်နဲ့ download ရယူနိုင်တဲ့ TubeMate ကိုတော့ အားလုံးသိကြမယ်လို့ ထင်ပါတယ်
video တွေကို download ရယူတဲ့အခါမှာလည်း video format အမျိုးမျိုးနဲ့ ရယူနိုင်သလို MP3 format အနေနဲ့ပါ တိုက်ရိုက် download ရယူနိုင်တဲ့ ကောင်လေးပဲဖြစ်ပါတယ် 
ခုတင်ပေးလိုက်တာက version 2.2.5 Build 634 အသစ်လေးဖြစ်ပါတယ်
YouTube က video တွေကို ဖုန်းထဲကနေ လွယ်လွယ်ကူကူနဲ့ ရယူချင်တယ်ဆိုရင်တော့ ခုတင်ပေးလိုက်တဲ့ TubeMate ကိုသာ ဖုန်းထဲမှာ ထည့်ထားလိုက်ပါ
file size 4MB ရှိပြီး android 2.2 ကစပြီး အသုံးပြုနိုင်ပါတယ်
Size : 4MB
Version : 2.2.5 Build 634 Mod Ad Free
Requires: Android 2.2 and up
အောက်ကလင့်မှာဒေါင်းနိုင်ပါတယ်...

Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲ

မင်္ဂလာပါ
ဒီနေ့တော့ ဗဟုသုအနေဖြင့် Mobile Operating System ဆိုင်ရာ
ROM အကြောင်းလေးကိုကျနော်နားလည်သလောက်
အားလုံးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။
ROM ဆိုတာ Read Only Memory လို့ သတ်မှတ်ရပါမယ်။
အဲဒီ ROM ဆိုတာမှာ Stock ROM နဲ့ Custom ROM ဆိုပြီး
အမျိုးအစားအားဖြင့် နှစ်မျိုးကွဲပြားခြားနာပါသေးတယ်။
အဲဒီနှစ်မျိုးရဲ့ အားနည်ချက်နဲ့အားသာချက်၊ ပြီးတော့ ဆိုးကျိုး
ကောင်းကျိုးများကိုတော့ အောက်မှာ ဆက်ဖတ်ကြည့်လိုက်ပါ။
Stock ROM
========
Stock ROM ဆိုတာကတော ဖုန်းဝယ်တုန်းက ပါလာတဲ့
Phone Operation System လို့မှတ်ရပါမယ်။ Stock ROM မှာ ထုတ်လုပ်တဲ့ Company မှ
Software Restriction တွေထည့်သွင်းထားတဲ့ အတွက် စိတ်ကြိုက်အသုံးပြု ခွင့် မရတဲ့
Operation System မျိုး ဖြစ်ပါတယ်၊ မိမိစိတ်ကြိုက်ပြု ပြင်ဖန်တီးလို့မရသလို၊ မကြို က်လို့ ထုတ်ပယ်လို့ရ မှာမဟုတ်ပါ။
Custom ROM
=========
Custom ROM ဆိုတာကတော့ OS Version
တစ်ခုပါပဲ၊ Custom ROM ထဲမှာလဲ Stock ROM တွေလိုပဲ Android Device
တစ်ခုလုံးကို အလုပ်လုပ်စေတဲ့ Kernel ဆိုတာရယ်၊ ပြီးတော့
System Applications တွေရော့ Services တွေလည်းပါဝင်ပါတယ်။
ကွာတာတစ်ခုကတော့ Custom ROM ဆိုတာက
စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ဖြစ်လို့
Software Restriction တွေလည်း မပါတော့ဘူးပေါ့၊
ဒီတော့ Custom က Android ရဲ့ Open Source ဖြစ်တဲ့ အတွက်
Developers တွေက Stock ROMS တွေကို အခမဲ့ယူလို့ရတယ်၊
စိတ်ကြို က်ပြု ပြင်ဖန်တီးယူနိုင်သလို၊ မကြို က်တာတွေကိုလည်း
အချိန်မရွေးပယ်ထုပ်ပစ်နိုင်ပါတယ်။
ဘာလိုအပ်နေသလဲ ထပ်ဖြည့်နိုင်ပါတယ်။ အရည်အချင်းရှိရင်
ရှိသလောက် စိတ်ကြိုက် ROM ကို တည်ဆောက်ယူနိုင်တယ်၊ ဒီလို Developers တွေရဲ့
စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ကိုပဲ Custom ROM လို့ခေါ်တာပါ၊
မြန်မာစာအတွက် အထောက်အကူပြု တဲ့ ROM ပေါ့။
ကျ နော်နားလည်သလောက် Custom ROM နဲ့ Stock ROM ဆိုတာ
ဒီလောက်ပါပဲ၊ အားလုံးပဲ တွေးတောကြံဆနိုင်ကြပါစေ။
Credit : Zunite

Despicable Me v2.6.2c

ဖုန်းထဲမှာကစားဖို့ Descpicable Me ဂိမ်းလေးကို တင်ပေးလိုက်ပါတယ်
Descpicable Me ကိုတော့ အားလုံးလည်း သိကြမှာပေါ့နော်
banana ဆိုပြီးတော့လည်း လူသိများပါတယ်
file size 27.9MB ရှိပြီး android 2.3 ကစပြီး ကစားနိုင်ပါတယ်

Saturday 14 February 2015

Microsoft Office for Android Mobile

 
ဖုန်းတွေကို ဘာလို့စမတ်ဖုန်းလို့ခေါ်လည်းဆိုရင်..သူတို့တွေက...PC တစ်ခုလို..အလုပ်လုပ်နိုင်လို့..ခုလည်းကြည့်လေ..သေးငယ်တဲ့ Android ဖုန်းတွေမှာတောင်..Microsoft Office တွေကိုသုံးလို့ရမယ်ဆိုတော့...ဖုန်းတစ်လုံးရဲ့..စွမ်းဆောင်ရည်ဟာ..PC တစ်လုံးနဲ့သိပ်မကွာတော့ဘူးဆိုတော သက်သေထူနေပါပြီ...တကယ်တော့..တစ်ချို့သော..အရာတွေဟာ..PC မှာမလုပ်တာတွေကိုတောင်..လုပ်နိုင်ပါတယ်...တကယ်တော့လည်း ယခုအချိန်ဟာ..PC ခေတ်လွန် Mobile ခေတ်ထဲ လုံးလုံးလျားလျားဝင်သွားပါပြီ..PC ဆိုတာ..လုပ်ငန်းကိုင်ငန်းမှာသာ သုံးတဲ့အဆင့်ထဲမှာ ကျန်ခဲ့ပါပြီ....လူတွေအပျော်အားနေသမျှ..ကလစ်နေကြတာကတော့ Mobile ပါ..PC ဆိုတာ

ဗွီဒီယိုစာတန်းထိုး Cyberlink ကြီးကို သင့်ဖုန်းမှာတင်ပြီး စိတ်ကြိုက်ကလစ်နိုင်ပါပြီ-Cyberlink-PowerDirector – Video Editor-Apk


Cyberlink-PowerDirector – Video Editor-Apk
 မင်္ဂလာပါ
ဒီနေ့တော့ ဘော်ဒါတွေနဲ့ စကားစပ်မြည်ပြောကြရင်းနဲ့
Cyberlink ကြီးပဲ ပြောဖြစ်တယ် တစ်ယောက်ကပြောတယ်
ဖုန်းမှာတင်ပြီး ကလစ်ရနိုင်မယ့် Cyberlink Powerdirector Apk လေး
များမရှိဘူးလားတဲ့...

ဟုတ်ပါတယ် Cyberlink ဆိုတာနဲ့ Powerdirector ကြီးကို
အားလုံးသိကြမှာပါ၊ ကွန်ပျူ တာပိုင်းဆိုင်ရာမှာ တကယ်မသိ
မဖြစ် မတတ်မဖြစ်တဲ့ အပိုင်းပေါ့၊ ဗွီဒီယိုစာတန်းထိုးကို
အထူးလေ့လာလိုက်စားတဲ့ ဘော်ဒါတွေအတွက် တကယ့်
Pro ကြီးတစ်ယောက်ကဲ့သို့ လေ့လာနိုင်တဲ့ စပါယ်ရှယ်ဝမ်းကြီးပါ။
အဲဒီ ဆော့ဝဲကြီးကို ဖုန်းမှာ အသုံးပြု လို့ရအေင် Apk လေးကို
အားလုံးအတွက် တင်ပေးလိုက်ပါတယ်။

English-Myanmar Dictionary v1.0.0.4 Full Version for PC

အတော်လေးကို ပြည့်စုံကောင်းမွန်တဲ့ English to Myanmar Dictionary လေးတစ်ခုမျှဝေပေးလိုက်ပါတယ်ဗျာ အခု Dictionary လေးမှာတော့ စကားလုံးစုစုပေါင်း 29618 လုံးတိတိထည့်သွင်းထားတဲ့အတွက် တော်တော် စုံလင်တယ်လို့ပြောလို့ရပါတယ်ဗျာ။ English စကားလုံးတစ်ခုရဲ့ ဘာသာပြန်တင်မကဘဲ အသံကိုပါထွက်ဆို နိုင်ပါတယ်ဗျာ။ အခု Dictionary ကိုတော့ မြန်မာ Programmer ဖြစ်တဲ့ Nyein Chan ကရေးသားထားတယ်လို့ သိရပါတယ်။
လိုအပ်ရင်အောက်မှာဒေါင်းနိုင်ပါတယ်ဗျာ။

Lazy Swipe v1.60

ခုတလော နာမည်တော်တော်ကြီးလာတဲ့ Lazy Swipe ကိုတော့ အားလုံးသိကြမယ်လို့ထင်ပါတယ်
Lazy Swipe ဆိုတာကတော့ ဖုန်းထဲမှာ application တစ်ခုကိုဖွင့်တော့မယ်ဆိုရင် ဟိုဘက်ရွှေ့ဒီဘက်ရွှေ့ လုပ်စရာမလိုပဲ Screen ထောင့်တစ်နေရာကို လက်နဲ့တစ်ချက်ပွတ်လိုက်တာနဲ့ ဖုန်းထဲမှာ installed ထားတဲ့ apk တွေကို တွေ့ရမှာဖြစ်ပြီး မြန်မြန်ဆန်ဆန်နဲ့ ဖွင့်နိုင်မှာ ဖြစ်ပါတယ်
အခုတင်ပေးလိုက်တာက 12 ရက်နေ့ထွက် update အသစ်ဖြစ်ပါတယ်
file size 735KB သာရှိပြီး android 4.0 ကစပြီး အသုံးပြုနိုင်ပါတယ်
Size : 735KB
Version : 1.60
Requires: Android 4.0 and up
လိုချင်သူများအောက်ကလင့်မှာဒေါင်းနိုင်ပါတယ်....

သေးသေးလေးနဲ့အလွန်အစွမ်းထက်တဲ့ Antivirus- Smadav 2015 PRO Terbaru v10.0.0 + Serial Key [PC Software]

ကျွန်တော့် အကြိုက်ဆုံး Antivirus ပေါ့ဗျာ။ Feb-12 က Version အသစ်ထွက်လာလို့ တင်ပေးလိုက်ပါ တယ်။ Antivirus Software တွေမတင်ပေးရတာကြာလို့ မွှေမွှေနှောက်နှောက် ရှာဖွေလိုက်တာ Smadav Antivirus 2015 10.0.0Pro ဆိုတဲ့ Antivirus Software လေးတစ်ခုတွေ့တယ်ဗျာ။ Windows OS မှာ ကပ်ငြိဒုက္ခပေးနေ တဲ့ Virus အမျိုးအစားတွေအများကြီးကို ရှာဖွေသတ်ပေးနိုင်ပြီး Task Manager ခေါ် မရတာ၊ Registry ကိုပိတ်ထားတာ၊ ဖိုင်တွေ Hidden ဖြစ်နေတာတွေကို ဒီကောင်နဲ့ ချက်ချင်း ဝင်ရောက် ထိန်းချုပ်နိုင်ပါတယ်။ Signature ပေါင်း 8296 မျိုးကို သုတ်သင်ရှင်းလင်းဖို့ ထည့်ပေးထားပါတယ်။ Pro Version အတွက် Update တွေရရှိနိုင်မှာဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံ မှာ ခေတ်စားနေတဲ့ Shortcut Virus, Wind32, Sality ကိုတော့ အထူးနှိမ်နင်းပေးပါတယ်။ အဲဒီ Antivirus

နိုင်ငံတကာ မှ CCTV ကင်မရာများအား ကြည့်ရှုနိုင်မည့် မိုဘိုင်း App


ယခု App ဟာ ဆိုရင်လည်း နိုင်ငံတကာ မှ CCTV ကင်မရာ များမှ တိုတ်ရိုတ် ရိုတ်ကူးမူများကို သင့်ဖုန်းမှနေ၍ အင်တာနတ် အနည်းငယ်ရှိယုံဖြင့် live ကြည့်ရှုနိုင်ပါမှာဖြစ်ပါသည်။
ယခု app အား google play ၌ ရောင်းချထားပါသည် အောက်ပါ လင်ခ့်တွင် အခမဲ့ ရယူနိုင်ပါသည်။

Friday 13 February 2015

PC အတွက် Viber မှာ zawgyi font နဲ့ ရေးမယ် ဖတ်မယ်..( Window-7 & 8 )

PC အတွက် Viber မှာ zawgyi font နဲ့ ရေးလို့ ဖတ်လို့ မရတဲ့ သူငယ်ချင်းတွေအတွက်ပါ..
သိပြီးသူများတော့ ကျော်သွားပေါ့ဗျာ..
PC အတွက် Viber ကို ဒီမှာ ယူပါ..
ပြီးရင် ပုံမှန်အတိုင်း install လုပ်ပါ..
install လုပ်ပြီးလို့ Viber ကိုဖွင့်လိုက်ရင် ဖုန်းနံပါတ်တောင်းပါလိမ့်မယ်..
နိုင်ငံ ရွေးပြီး မိမိ ဖုန်းနံပါတ်ကို ရိုက်ထည့်လိုက်ပါ..
code ထည့်ဖို့ ပေါ်ပါလိမ့် မယ်.. အခုန ပေးလိုက်တဲ့ ဖုန်းထဲကို
၂ မိနစ် အတွင်းမှာ Viber က Your Viber code is ဆိုပြီး message ပြန်ပို့ပါလိမ့်မယ်..
အဲဒီ code ကို ကွန်ပျူတာ မှာ ထည့်ပေးလိုက်ရင်..
ကွန်ပျူတာနဲ့ Viber သုံးလို့ ရသွားပါပြီ..

ဒါပေမယ့် Viber message မှာ မြန်မာစာ မမြင်ရတာ ဖတ်လို့မရ ရေးလို့မရတာ
အတုံးတုံးလေးတွေပေါ် နေတာတွေ ရှိတတ်ပါတယ်..
အဲဒီအတွက် ဒီ arialzawgyi ကို အရင်ဒေါင်းပြီး
double click ပေးလိုက်လို့ ကျလာတဲ့ အထဲက အပေါ်ဒေါင့်စွန်းက install ကိုနှိပ်လိုက်ပါ..
ဘာပဲမေးမေး ok ပဲရွေးလိုက်ပါ..
နောက်တဆင့် ဒေါင်းလို့ရထားတဲ့ arialzawgyi ကို Right click ပေးပြီး copy ကူးပြီး
control panel ထဲက fonts ထဲကို သွားပြီး  paste လုပ်ပေးလိုက်ပါ...
ဘာမေးမေး ok ပဲလုပ်လိုက်ပါ..

နောက်တဆင့်ကတော့ Windows 7 ဆိုရင် Desktop (right click) Properties --> Personalization --> Window Color --> Advance Setting ထဲက Item ကနေ message box ကိုရွေးပြီး အောက်က font မှာ arial ကိုရွေးပြီး Apply > ok..လုပ်လိုက်ရင် windows 7 အတွက် Viber မှာ မြန်မာစာ ရေးနိုင် ဖတ်နိုင်သွားပါပြီ..

Windows 8 နဲ့ 8.1 အတွက်ကတော့ ဒီ Windows 8 Font Changer ကို ဒေါင်းယူလိုက်ပါ..
ဒေါင်းလို့ရတဲ့ အထဲက Windows 8 Font Changer.exe ကို ဖွင့်ပြီး 


ပုံမှာ ပြထားတဲ့ အတိုင်း message font မှာ Arial ကိုရွေးပြီး Apply လုပ်ပေးပြီး
windows log off လုပ်ပေးလိုက်ရင်  windows 8 နဲ့ 8.1 အတွက် Viber မှာ မြန်မာလို ရေးနိုင် ဖတ်နိုင်ပါပြီ..

တခုရှိတာက Mozilla သုံးရင် မြန်မာလိုရေးထားတဲ့ ခေါင်းစဉ်တွေကို 
ဖတ်လို့ မရတဲ့ ပြသနာ ရှိတတ်ပြန်ပါတယ်..
အဲဒီအတွက်ကတော့..
ပုံမှာ ပြထားတဲ့ အဆင့်အတိုင်း လုပ်ပေးယုံပါပဲ..
ဒီလောက်ဆိုရင် အဆင်ပြေမယ် မျှော်လင့်ပါတယ်..။
Posted by Unknown

Factory Reset ချပြီးတဲ့ ဖုန်းတစ်လုံးမှ ဓာတ်ပုံများနဲ့ အရေးကြီးတဲ့ Data များကို ပြန်လည်ရယူနည်း

Factory Reset ချပြီးတဲ့ ဖုန်းတစ်လုံးမှ ဓာတ်ပုံများနဲ့ အရေးကြီးတဲ့ 
Data များကို ပြန်လည်ရယူနည်း

မင်္ဂလာပါ
ကျန်းမာရေးသိပ်မကောင်းတာနဲ့ ပိုစ့်ကောင်းကောင်း
မရေးနိုင်သေးပါ၊ တောင်းဆိုထားကြတဲ့ ညီအကိုများကိုလည်း
ဒီနေရာမှ မတ္တောရပ်ခံပါတယ် ခင်ဗျား
တောင်းဆိုမှုတိုင်းကို တစ်ဖြေးဖြေးရှင်းတင်ပေးသွားမှာပါ
တောင်းဆိုလာကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်

အခုကျနော်ပြန်လည်မျှဝေချင်တာလေးကတော့
Factory Reset ချပြီးတဲ့ ဖုန်းတစ်လုံးမှ ဓာတ်ပုံများနဲ့
အရေးကြီးတဲ့ Data များကို ပြန်လည်ရယူနည်းလေးဖြစ်ပါတယ်။

ခေါင်းစဉ်လေးမြင်တာနဲ့ သင့်အတွက် အရေးကြီးမယ်

ကလစ် နှစ်ချက်နဲ့ FULL VERSION ဖြစ်စေတဲ့ နောက်ဆုံးထွက် INTERNET DOWNLOAD MANAGER 6.22 (JUST DOUBLE CLICK)

ဒါလေးကတော့ တင်ပေးနေကျဖြစ်တဲ့  နောက်ဆုံးထွက် (Just Double Click) IDM ပါ .. Patch , Crack မသုံးတတ်တဲ့ မိတ်ဆွေများအတွက် တင်ပေးလိုက်ပါတယ်...။

အရင်တင်ထားတဲ့ IDM အဟောင်းကို အရင်ဆုံး ထုတ်ပစ်ပြီးမှ Install လုပ်ပါ...။

Internet Download Manager v6.22. Added Windows 10 compatibility.
Fixed compatibility problems with different browsers including Internet Explorer 11, all Mozilla Firefox versions up to Mozilla Firefox Aurora, Google Chrome.
Improved FLV grabber to save videos from web players on web pages, Google Video, MySpace TV, and other popular sites


How to install:

1. Uninstall oldest version – reboot OS
2. Unrar and run exe file (just double click)

Tenorshare Android Data Recovery 4.3.0.0 + Crack + 100% Working [PC Software]

မိမိဖုန်းထဲက Contacts, Photos, SMS, text messages, videos နှင့် call history စသည်တို့ကို မှာဖျက်မိလို့ပဲဖြစ်ဖြစ် Root လုပ်မိကာမှ ပျက်စီးသွားလို့ပဲဖြစ်ဖြစ် မည်သည့်အကြောင်းနှင့်မဆို ပျက်စီး ပျောက်ဆုံးသွားတာ ပြန်ယူချင်ရင်တော့ ဒီကောင်လေးကိုဆောင်ထားလိုက်ပါ။ဒီကောင်လေးကို ကွန်ပြူ တာမှာအင်စတောလုပ်ပြီးတာနဲ့ ဖုန်းနဲ့ချိတ်ဆက်ပြီး မိမိလိုချင်တာတွေကို ပြန်လည်ရယူနိုင်ပါတယ်။
Full ဖြစ်စေဖို့အတွက် Download ဖိုင်ထဲမှာ Crack ဖိုင်လေးကို ထည့်သွင်းပေးထားပါတယ်။
အင်စတောလုပ်နည်းကို ဖိုင်ထဲမှာအရင်ဖတ်ပါ။

Thursday 12 February 2015

Samsung Galaxy Grand Prime SM-G530H/F(v4.4.4) ကို Root ဖောက်နည်း

Samsung Galaxy Grand Prime SM-G530F/H (v4.4.4) ကို အသုံးပြုနေကြသော မန်ဘာများအတွက် root ဖောက်နည်း တင်ပေးလိုက်ပါတယ်...
အရင် ဖုန်းကိုကွန်ပြူတာနဲ့ မချိတ်ခင်
Setting >> more >> security >> reactivation lock ကိုအမှန်ခြစ်ဖြုတ်ဖို့ လုံးဝ မမေ့ပါနဲ့ မရှိရင်မလိုပါဘူး။
setting >> more >> developer >> option >> usb degubbing ကို ON ဖို့ လုံးဝ မမေ့ပါနဲ့။
Setting >> more ထဲမှာ developer option ကိုမတွေ့ရင် setting >> about device ထဲက Buildnumber ကို ၇ ချက်လောက် ဆက်တိုက်နှိပ်ပေးပါ ။ setting >> more ထဲမှာ developer option ပေါ်လာပါလိမ့်မယ်။
ဖုန်းဘတ်ထရီ အနဲဆုံး ၈၀ ရာခိုင်နှုန်း သွင်းထားပါ။ ကွန်ပြူတာကနေ Odin ဆော့ဝဲလ်ကို ဖွင့်လိုက်ပါ။ Pda အကွက်ကို အမှန်ချစ်ပေးပါ။ ပြီးရင် pda ကိုနှိပ့်ပြီး ဒေါင်းထားတဲ့ Root_grand_prime_sm-g530h-mohan.zip

မြန်မာ့အာဇာနည်ခေါင်းဆောင်းများ Apk


Like Share နှိပ်၍ ဂုဏ်ယူစွာဖြင့်မျှဝေလိုက်ပါ
မြန်မာနိုင်ငံ ၏ အာဇာနည် ခေါင်းဆောင်များ၏ အကြောင်းများကို ယခု မိုဘိုင်းဆော့ဝဲဖြင့် ဖတ်ရှုလေ့လာနိုင်ပါပြီ
ဗိုလ်ချုပ်အောင်ဆန်း နင့်တကွ
သခင်မြ
ဦးဘချို
ဦးရာဇတ်
မန်းဘခိုင်
မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း
ှီုဦးဘဝင်း
ဦးအုန်းမောင်
ရဲဘော်ကိုထွေး
မြန်မာနိုင်ငံရဲ့ အာဇာနည်ခေါင်းတွေရဲ့ အကြောင်းများအား အသေးစိတ်လေ့လာဖတ်ရှုနိုင်အောင် အောက်ဖော်ပြပါလင့်ခ်တွင် App အားရယူနိုင်ပါပြီ
လိုအပ်ရင်အောက်မှာဒေါင်းနိုင်ပါပြီဗျာ

နပန်း အဆင့်မြင့်ဖိုက်တင်ဂိမ်းလေး WWE Immortals v1.0.2 [Mod Money] Apk

နပန်း အဆင့်မြင့်ဖိုက်တင်ဂိမ်းလေး WWE Immortals v1.0.2 [Mod Money] Apk ဂိမ်းလေးပါ ဇာတ်
ကောင်တွေကိုလည်း အဆင့်မြင့်ပါဝါတွေ နဲ့တိုက်ခိုက်ဆော့ကစားရမှာပါ
လိုအပ်ရင်အောက်မှာဒေါင်းနိုင်ပါတယ်ဗျာ

Learning English by listening Version: 2.2.3 apk

ပညာရေးနဲ့ပတ်သက်တဲ့ apps တွေထဲမှာ...အင်္ဂလိပ်စာလေ့လာရေး Apps တွေဟာ..ပညာဆည်းပူးနေသော လူငယ်တွေအတွက်.အထူးသင့်တော်တယ်လို့ယူဆမိလို့ English Learning Apps တွေကိုများများတင်ပေးပါတယ်...အခုတစ်ခါတင်ပေးလိုက်တာကတော့ အင်္ဂလိပ်စာသင်တဲ့ App တွေထဲ..Listening skills ကိုလေ့ကျင့်နားဆင်.နိုင်တဲ့ Lean English by listening apps ဖြစ်ပါတယ်...
ဒီ apps မှာ Level 6 ခုအထိပါပါတယ်..မိမိရဲ့အရည်ချင်းနဲ့သင့်တော်တဲ့ Level ကနေပြီးတော့ စတင်လေ့ကျင့်နိုင်ပါတယ်....ပထမဦးဆုံး ပေါ်လာတဲ့ Page မှာမိမိလေ့ကျင့်.လိုတဲ့Level ကိုကလစ်ပါ..ပြီးတော့...နောက် စာမျက်နှာတစ်ခုမှာ..topic တွေတန်းစီကျလာပါတယ်..အာ့ဒါထဲက..ကိုယ်လေ့ကျင့်လိုတဲ့...ခေါင်းစဉ်ကိုရွေးပြီးကလစ်ပါ...နောက်တစ်ပုဒ်ကိုကျော်ချင်တယ်ဆိုရင်...Yes or no ပေါ်လာပါလိမ့်မယ်...Yes ကိုပဲရွေးလိုက်ပါ...
File size: 11mb
Version: 2.2.3
Required Android: 2.2. and up
လိုချင်သူများအောက်ကလင့်မှာဒေါင်းလို့ရပါတယ်..

Sunday 8 February 2015

Asus Zenfone 4,5,6 တို့ကို Firmware တင်နည်း

hqdefault
လတ်တလော အသုံးများလာတဲ့ Asus Zenfone 4, Zenfone 5, Zenfone 6 တို့ကို Firmware တင်နည်းအကြောင်းတင်ဆက်ပေးချင်ပါတယ်။ Asus Zenfone များကို Firmware တင်ဖို့အတွက်လိုအပ်တဲ့ ကွန်ပျူတာ Tool ဖြစ်တဲ့ Asus FlashTool Installer ကိုအောက်က link ကနေအရင်ရယူပါ။

သင့်ရဲ့ Blog မှ ပို့စ်များကို Facebook Page ပေါ်သို့ အလိုအလျှောက် တင်နည်း

1

သင့်ရဲ့ Blog မှ ပို့စ်များကို Facebook Page ပေါ်သို့ အလိုအလျှောက် တင်နည်း

သင့် Blog ,Website မှာ ပို့စ်တစ်ခု တင်လိုက်တိုင်း Facebook Wall/Timeline, Page စတဲ့နေရာတွေမှာ ဘလော့က ပို့စ်ကို ထပ်မံ တင်ရတာက အလုပ်ရှုပ်ပါတယ်။ သင့်ရဲ့ ဘလော့မှာ ပို့စ်တစ်ခု တင်လိုက်တိုင်း Facebook Timeline , Page မှာ အလိုလို ဆောင်းပါးတွေတင်ပေးနိုင်ရင် အဆင်ပြေမှာပါ။ ဒီလိုလုပ်ပေးနိုင်တာကတော့ ကတော့ RSS Graffiti ဆိုတဲ့ Facebook Application ဖြစ်ပါတယ်။
Facebook ကို Sign In လုပ်ပြီး အောက်က လင့်ကနေ RSS Graffiti App ကိုသွားပါ။ပြီးရင် နာမည်တစ်ခုပေးပြီး Create Publishing Plan ကိုနှိပ်ပါ။

Sunday 1 February 2015

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် တေးသီချင်းသစ်များ

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် တေးသီချင်းသစ်များ
၀၁။ Prelude to Hundredth (ရေးဆို - မင်းရဲထွတ်)
https://my.pcloud.com/publink/show…
၀၂။ အကြီးမြတ်ဆုံး ဂုဏ် ( ရဲနိုင်လင်း ၊ကျိုတ်လတ်)
https://my.pcloud.com/publink/show…
၀၃။ ထာဝရအေးချမ်းမှု လေပြည် (ရေးဆို - ခင်နန်းထိုက်စံ)
https://my.pcloud.com/publink/show…
၀၄။ ပြည်သူချစ်သော ဗိုလ်ချုပ်အောင်ဆန်း (တေးရေး - မန်း၊စိန်ညီဆွေ ၊ ဆို - ဝင်းဝင်းအောင် မြို့မ)
https://my.pcloud.com/publink/show…
၀၅။ တုနှိုင်းမဲ့ သခင် (မာန်ဟိန်းကျော်)
https://my.pcloud.com/publink/show…
၀၆။ ပြည်သူ့အရိုင်းအပန်း (အဲမွန်တာရာ)
https://my.pcloud.com/publink/show…
၀၇။ ထီးတစ်လက် ( ရေးဆို - မင်းရဲထွတ်)
https://my.pcloud.com/publink/show…
၀၈။ ဖခင် ဗိုလိချုပ် (တေးရေး - ရဲနိုင်လင်း )
https://my.pcloud.com/publink/show…
၀၉။ ရှင်သန်နေဆဲ သူရဲကောင်း ( Extra T )
https://my.pcloud.com/publink/show…
၁၀။ အောင်ဆန်းမျိုးဟေ့ မြန်မာ (တေးရေး - လင်းထက်)
https://my.pcloud.com/publink/show…
၁၁။ Prelude to Hundredth - မင်းရဲထွတ်
https://my.pcloud.com/publink/show…
အခွေလိုက် + စာအုပ် <<< https://my.pcloud.com/publink/show…

Related Posts Plugin for WordPress, Blogger...